အဲဘာ့တ် အိုင်းစတိုင်းက စပီကာရဲ့ ဆာ့ကစ်ပတ်လည်ကို လုပ်နေချိန်တွင် သူက သူ့ ဓါတ်ခွဲခန်းအလုပ်ကို ပြန်ရောက်ဖို့ စိတ်အားထက်သန်နေတယ်ဆိုတာကို သူကိုယ်တိုင် သိလိုက်တယ်။ တစ်ညတွင် သူတို့ နှစ်ယောက် ညစာ စားပွဲတစ်ခုသို့ မောင်းနေချိန်တွင် အဲဘာ့တ် အိုင်းစတိုင်းက သူ မိန့်ခွန်းပြောဆိုနေရတာကို ငြီးငွေ့နေပြီး ဖြစ်ကြောင်း သူ့ ကိုယ်ပွား ( အဲဘာ့တ် အိုင်းစတိုင်း နှင့် ပုံစံ ၊ အမူအရာ တူသူ ) ကို ဖွင့်ပြောပါတယ်။ သူ့ကိုယ်ပွားက ပြောပါတယ်။ “ကျွန်တော်မှာ အကြံရှိတယ်၊ သူဋ္ဌေး။ ကျွန်တော် ဆရာပြောခဲ့တဲ့ ဒီမိန့်ခွန်းကို အကြိမ်အများကြီး နားထောင် ခဲ့ပြီးပါပြီ။ ဆရာအတွက် ပြောပေးနိုင်မယ်လို့ ကျွန်တော် လောင်းရဲတယ်” အိုင်းစတိုင်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး […]