manawphyulayAugust 17, 20101min330
ဒီနေ့တော့ လုပ်ငန်းရှင်တွေက အလွန်တော်သော လူတော်လူကောင်းများကို လိုချင်တဲ့အတွက် လာရောက် အကူအညီတောင်းထားပါတယ်။ ‘ဘာလဲဆိုတော့ သူတို့လုပ်ငန်းမှာ လိုအပ်တဲ့နေရာမှာ ခန့်အပ်ချင်လို့တဲ့ လစ်လပ်သောနေရာကို ဖော်ပြပေးထားပါတယ်။ လုပ်ငန်းနေရာများကတော့ လိုအပ်သော အရည်အချင်းက ချက်ပြုတ်နည်းသင်တန်း အောင်လက်မှတ်ရှိရမှာဖြစ်ပါတယ်။ လုပ်ရမဲ့နေရာကတော့ သံရည်ကျိုစက်ရုံမှာ ကျိုပြီးသား သံရည်များကို အပေါ့ အငန် မြည်းပေးရမှာ ဖြစ်ပါတယ်။ လစာကတော့ ညှိနှိုင်းလစာပါတဲ့။ ကဲ ဘယ်လိုလဲ။ နောက် လုပ်ငန်းရှင်ကလည်း သူ့အလုပ်အတွက် လာပြောထားပါသေးတယ်။ သူကတော့ ဘာအရည်အချင်းရှိရမလဲဆိုတော့ ယာဉ်မောင်းတတ်ရမယ်တဲ့။ ယာဉ်မောင်းလိုင်စင်ရှိရင် ပိုပြီး အဆင်ပြေနိုင်ပါတယ်။ လုပ်ရမဲ့ အလုပ်အတွက်တော့ ယပ်တောင်ယူလာခဲ့ရမယ်တဲ့။ ဒါဆိုရင်တော့ လုပ်ငန်းသဘောကို သိလောက်ပါပြီနော်။ ဒီတစ်ခုနဲ့ အဆင်မပြေသေးရင်လည်း နောက်အလုပ်နဲ့ အဆင်ပြေမှာပါ။ စိတ်ဓာတ်မကျပါနဲ့။ အဲ ခုလုပ်ငန်းကတော့ သင်္ဘောတက်ချင်သူများအတွက် အထူးအခွင့်အရေးကောင်းတစ်ခုပဲ […]