naywoon niDecember 10, 20111min923
၅၁။ ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် တပ်ကုန်းသား-ဗိုလ်သီဟ (BDF) ပါဝင်တိုက်ပွဲဝင်ခဲ့သောတိုက်ပွဲအမည်…။ တပ်ကုန်းမြို့ အနောက်ဖက် မြောက်မြိုက်ရွာအနီး ဂွေ့ကြီးတိုက်ပွဲ ၅၂။ အတွဲ(၁၀) ပါကျမ်းကြီးကိုပြုစုခဲ့သဖြင့် လန်ဒန်တက္ကသိုလ်က သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းအား ဒီလစ်ပါရဂူဘွဲ့ ချီးမြှင့်ခဲ့သည်။ မည်သည့်ကျမ်းနည်း။ ROB =The Royal Orders of Burma(မြန်မာနိုင်ငံ အမိန့်တော်ပေါင်းချုပ်) ရည်ညွှန်း- ငါပြောချင်သမျှငါ့အကြောင်း (ဒေါက်တာသန်းထွန်း စာမျက်နှာ /၈၆) ၅၃။ 2010 ကမ္ဘာ့ဖလားပြိုင်ပွဲတွင် သီဆိုခဲ့သော အဖွင့်အပိတ်သီချင်း အမည်နှင့်အဆိုတော်မအည်ကိုဖော်ပြပါ…။ ဝါကာဝါကာ သီချင်း (အဆိုတော်- ရှကီးယား) ၅၄။ စာပေဆုမရရှိခဲ့သောလည်း မြသန်းတင့်၏ လူကြိုက်အများဆုံးဝတ္ထု စာအုပ်……။ ဓါးတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်။ ၅၅။ ဆရာမင်းသုဝဏ် နုစဉ်ခါက နုလုံးသားဖြင့် ဖွဲ့သီအပ်သော ကဗျာတစ်ပုဒ်သည် ယနေ့တိုင် ဂန္ဓဝင်ကဗျာ […]


naywoon niDecember 9, 20112min1105
2010 ရွှေညာဏ်ရှင် မေးခွန်းအဖြေများ ၁။ တပ်ကုန်းဆိုတဲ့ အမည်ကို ခိုင်မာသော အထောက်အထားများအရ မည့်သည့်ခုနှစ်မှာ အစောဆုံးတွေ့ရပါသလဲ?။ (၂၄-၃-၁၈၈၅)ရက်စွဲပါ မိုးနဲ တပ်တော်သို့ လိုက်ပါစာရင်း ပုရပိုက်တွင် “ အင်ပင်(တောင်ရွာ) တပ်ကုန်းရွာ ။ ရမည်းသင်းမြို့” စသည်ဖြင့် ပါရှိ…။ ၂။ Non-Smoking Factory ဆိုတာဘာလဲ…။ ခရီးသွားလုပ်ငန်း ၃။မြန်မာ့ ပထမ ဦးဆုံး ကာလပေါ်ဝတ္ထု ၏အမည်နှင့် စာရေးဆရာ….။ မောင်ရင်မောင် ၊မယ်မဝတ္ထု….။ ဂျိမ်းစ်လှကျော် ၄။ ကြေးမုံ သတင်းစာ ထုတ်ဝေတဲ့နေ့….။ ၁-၄-၁၉၅ရ (ရည်ညွှန်း – မြန်မာ့ပထမဆုံးများ (မိုးမြင်မောင်) ၅။ စာနယ်ဇင်း ဆိုတဲ့ ဝေါ်ဟာရကို စတင်သုံးစွဲခဲ့တဲ့ စာရေးဆရာ…။ ဦးဗဂျီငို( တိုးတက်ရေး ဦးစိန် ) […]


naywoon niNovember 24, 20111min956
နောက်ကျန်တဲ့ မေးခွန်းလေးတွေကို ဖြေကြည့်ကြပါဦး…။ ၄၁။ ကလောင်အမည်(၁၇၀) ရှိတဲ့ စာရေးဆရာဆိုတော့ ဂရင်းနစ် စာရင်းတောင် ဝင်သင့်တာပေါ့ ဘယ်သူများပါလိမ့်……..။ ၄၂။ နုနုရည် (အင်းဝ) ရဲ့ တောင်ပြုံးပွဲနောက်ခံ လုံးချင်းဝတ္ထု…….။ ၄၃။ မြန်မာ့သမိုင်းတွင် “ ငနု -နင်ယောက်ျားမဟုတ်လော” ဟူသည့် သမိုင်းတွင်သည့် စကားရှိသည်…။ ဘယ်သူက ဘယ်သူ့ကိုပြောတာလဲ………..။ ၄၄။ ဘားရက်အိုဘားမားသည် အမေရိကန်နိုင်ငံ၏ ဘယ်နှစ်ဆက်မြောက် သမ္မတလဲ….။ ဘယ်ပါတီကလဲ?။ ၄၅။ MNL ဖလား ဗိုလ်လုပွဲ စတင်ကျင်းပသောနှစ်။ ဒီနှစ်ဘယ်နှစ်သင်းယှဉ်ပြိုင်နေသလဲနှင့် ဗိုလ်စွဲခဲ့သောအသင်း ကိုဖော်ပြပါ။ ၄၆။ ခင်ခင်ထူး၏ “ အညာသူအညာသား ကျွန်မဆွေမျိုးများ” စာအုပ်သည်စာပေဆုရဖူး၏။ ဘာစာပေဆုလဲ?။ ၄ရ။ ၁၉၇၆ ခုနျစ်က ဧရာဝတီမြစ်ထဲက ရေနစ်သူကို သက်စွန့်ဆံဖျားကယ်ခဲ့လို့ ဟင်နရီဒူးနန့်ဘွဲ့ရခဲ့တဲ့ […]


naywoon niNovember 23, 20111min1527
ဒီဖောင်ဒေးရှင်ကို တည်ထောင်သူက ဦးသန်းဝင်းတဲ့……။ တစ်ခါတစ်ရံ လည်း ဖိုးသန်းဝင်းဆိုတဲ့ နာမယ်နဲ့ စာရေးတယ်…။ သိပ်တော့ သိကြမယ်မထင်…..။ ဌာနဆိုင်ရာတစ်ခုက အငြိမ်းစားဝန်ထမ်းတစ်ယောက်….။ ဇာတိက တပ်ကုန်းမြို့ အရှေ့ဘက် တစ်မိုင်လောက် (ခုတော့ အနော်ရထားရပ်ကွက်) ဝေးတဲ့ နောင်သင်္ခါ ကျေးရွာဖွား…..။ ယခုအခါမှာ ဦးသန်းဝင်းဟာ ရန်ကုန်မြို့မှာ မိသားစုနှင့်အတူနေထိုင်လျှက်ရှိပြီး ရရှိတဲ့ ပင်စင်လစာနှင့် စာအုပ်များဝယ်ယူစုဆောင်းခြင်း စာကြည့်တိုက်များသို့ ပေးပို့လှူတန်းခြင်း ဖိတ်ကြားလာသော စာကြည့်တိုက်ဖွင့်ပွဲများသို့ တက်ရောက်ခြင်းများ ပြုလုပ်လျှက်ရှိပြီး 2010 ပြည့်နှစ်မှ အစပြုကာ တပ်ကုန်မြို့နယ်အတွင်းရှိ လူငယ်များ ဗဟုသုတနှင့်ရသစာပေ ဖတ်ရှု လေ့လာမှု အရှိန်အဟုန် တိုးမြင့်လာစေရေးကို ရည်သန်ပြီး မေးခွန်း(၁၀၀) ပါဝင်ဖြေဆိုရတဲ့ ရွှေဉာဏ်ရှင် ရွေးချယ်ပွဲကို စတင်ခဲ့ပါတယ်…..။ သူမွေးဖွားရာ ရွာကို အစွဲပြုပြီး ရွှေသင်္ခ ါ […]