ရန်ကုန်မြို့ရဲ့ညအမှောင်က မှိန်ပျပျနဲ့ လူတွေအားလုံးရှင်းနေတယ်။ ရှင်းနေမှာပေါ့ ည (၁၀)နာရီ ကျော်နေပြီ။ အခုထိ ကျွန်မပန်းဆိုးတန်းကားဂိတ်မှာ ရှိတုန်းပဲ။ ပန်းဆိုးတန်းကားဂိတ်ကနေ တစ်ဖက်က ဆူးလေဘုရားကို မီးရောင်တွေနဲ့ ကြည်ညိုစွာမြင်နေရတယ်။ ကျွန်မစိတ်ထဲမှာ အိမ်ပြန်စိတ်ကပဲ လွှမ်းမိုးနေတုန်း။ အိမ်အပြန် မှတ်တိုင်ရောက်မယ့် ကားကိုပဲ ကျွန်မမျှော်နေမိတယ်။ ဒီအချိန် သည်လိုနေရာမျိုးမှာ မိန်းကလေးတစယောက် အနေနဲက မရှိသင့်တာတေ့အမှန်ပဲ ဒါပေမယ့် ဒီနေ့ကျမှ ရုံးဆင်းချိန်က နောက်ကျတာကိုး။ စနေနေ့ဆိုတော့ လည်း စာရင်းတွေအားလုံးရှင်းရတယ်ဆိုတော့ အမြဲတမ်းလိုလို စနေနေ့ဆိုတာ ကျွန်မအတွက် ရုံးဆင်းချိန် နောက်ကျနေကြ။ ရန်ကုန်မြို့လမ်းပေါ်မှာတော့ ကားတွေက တဝီဝီသွားနေဆဲပဲ ကျွန်မအတွက်က ဘတ်(စ်)ကားကိုပဲ အားထားရတာ ဆိုတော့ ဆူးလေဘုရားဘက်ရှိရာ ဘတ်(စ်)ကားလာရာကိုပဲ မျှော်နေမိ တယ်။ လက်ကလည်း ဆွဲခြင်းတောင်းကို တင်းတင်းဆုပ်လို့ပေါ့။ ဒါတွေဟာ ကျွန်မအတွက်မဆန်းတော့ပါဘူး။ […]


    သူ ဒီနေ့တော့ ပိုက်ဆံ မရရအောင် ရှာမှ ဖြစ်မယ်။ သားလေးရဲ့ ကျန်မာရေးကလည်း အရင်လို ဆေးမြီတိုနဲ့ ပြေလည်မသွား။ တစ်နေ့တစ်ခြား ပိုလို့ ဆိုးလာတယ်။ သူ မနက်က သားလေး နဖူးကို စမ်းကြည့်တော့ မီးခဲကိုင်ထားရသလို ခံစားမိတယ်။ သူ့ရင်ထဲမှာလည်း နေလို့မကောင်း။ သူ့ စိတ်ထဲမှာ သားရဲ့အကြောင်းကို တွေးလိုက်တိုင်း အက်ဆစ်ပူကို မျိုချရသလိုပဲ။ ခန္ဓာကိုယ်တစ်ခုလုံး ဝေဒနာတွေက မရိုးမရွနဲ့။ သူ့ဘဝမှာ ဇနီးဆုံးပါသွားကတည်းက သားလေးက တစ်ဦးတည်းသော မြတ်နိုးရတဲ့ ရတနာ။ ဒီသားလေးပဲ သူ ပုံအော ချစ်ခဲ့တာ။ ခုတော့ ဒီလူမမယ် သုံးနှစ်သာသာရှိတဲ့ ကလေးကို ရောဂါက ကြံဖန်ရှာဖြစ်ရတယ်လို့။ ဖြစ်နိုင်ရင် သူပဲ အစားထိုး ခံစားလိုက်ချင်တယ်။ သူသား […]