Ma MaMarch 22, 20131min35043
ဒီဇင်ဘာမွေးမို့လား မသိဘူး နှင်း ကို သံယောဇဉ်ရှိတယ်။ ခရေဇီဖြစ်တယ်။ နှင်းကျရင် ဘာလို့မှန်း မသိပဲ ပျော်တယ်။ ခုတော့ နှင်း ရေ နှင်းးးး ရေ ဆိုတဲ့ သီချင်းကို သတိရမိတယ်။ မတ်လ ၂၂ ရက်ဆိုတဲ့ ဒီနေ့မနက် ၅နာရီမှာ ခါတိုင်းလို အလုပ်သွားတော့ မြင်ကွင်းက မကြည်မလင်ဖြစ်နေတာကို သတိထားမိတယ်။ ဒါပေမယ့် မတ်လရောက်နေပြီဆိုတော့ နှင်းကျတယ်လို့ မထင်မိဘူး။ စည်ပင်ဝန်ထမ်းတွေ မနက်အစောကြီး လမ်းဘေးမှာ တံမြက်စည်းလှည်းနေတာတွေ့လို့ အမှိုက်အမှုန်တွေ လွင့်နေတာလို့ပဲ ထင်မိတယ်။ ဒါပေမယ့် လမ်းတလျှောက်လုံးမှုန်မှိုင်းနေတာဖြစ်ပြီး အေးစိမ့်စိမ့်အရသာကိုလည်း ခံစားမိလာရတော့မှ နှင်းကျတယ်လို့ သိမိတော့တယ်။ ဒီအချိန် ဒီရာသီမှာ နှင်းကျတာ ထူးဆန်းနေလို့ သက်သေပြဖို့ ဓာတ်ပုံရိုက်တော့မှပဲ နှင်းကို ပေါ်လွင်အောင် ဘယ်လိုရိုက်ရမယ်မှန်းမသိတော့ အော်တိုကင်မရာကို […]