thu thu . sittweJune 15, 20121min19911
ခြေနှစ်ချောင်း မကယ်ကောင်း တဲ့ …. ဒီစကားတစ်ခွန်းကို ကျွန်မအလေးထားရကောင်းမှန်း မသိခဲ့ပါ … အရိုးသားဆုံးဝန်ခံရလျှင် ဒီစကားနှင့်ပတ်သက်ပြီး ဆန့်ကျင်ဘက်အမြင်ရှိခဲ့ပါတယ်။ ကြင်နာသနားခြင်း၊ ညှာတာထောက်ထားခြင်းဟာ လူ့ကျင့်ဝတ်ဟု အမြဲတစေ ခိုင်မာစွာ ယုံကြည်ခဲ့ပါတယ်။   အခုအချိန်မှာတော့ ကျွန်မအလေးမထားခဲ့မိသော ရှေးလူကြီးများ ဆိုမိန့်ခဲ့သည့် ဒီစကားတစ်ခွန်းရဲ့ အတိမ်အနက်ကို တှုန်လှုပ်ခြောက်ခြားဖွယ် လက်ခံရတော့မယ့်အနေအထားတစ်ခုကို ကျွန်မတို့ ရခိုင်တိုင်းရင်းသားတွေ မျက်ရည်စက်လက်ဖြင့် ရင်ဆိုင်နေကြရပါသည်။ ကျွန်မ အသက် ၄ နှစ် ၅ နှစ်အရွယ်မှာ ကျွန်မအဖွားရဲ့အမေ ကျွန်မရဲ့အဖီးဆီက ဒီစကားတစ်ခွန်းကို ကြားရတော့ နားလည်းမလည် လက်လဲ လက်မခံချင်ပါ။ ဘာကြောင့် ဒီလိုပြောရတာလဲလို့ မေးမိတော့ အဖီးကပြောတယ် … သူ့ရဲ့ဒုက္ခတွေကို သူနဲ့အတူ ကိုယ့်အိမ်ထဲကို သယ်ယူလာလိမ့်မယ် … တစ်ချိန်မှာ ကိုယ့်အိမ်ကိုပါ […]