Khaing KhaingOctober 12, 20121min52251
ကျွန်မ ဒီနေ့ညနေ ပျင်းပျင်းရှိတာနဲ့ အခွေဆိုင်ဘက်ကို လမ်းလျှောက်ထွက်ခဲ့မိတယ် …. မိုးလည်းမရွာဘဲ သီတင်းကျွတ်နီးတော့ ရာသီဥတုလေးက သာယာနေတယ်လေ …. အရင်ကဆို သူရှိတုန်းက ကျွန်မကြိုက်တဲ့ သရဲကားတွေကို ဝယ်ပေးထားလို့ အိမ်မှာသရဲကားပဲ ကြည့်ဖြစ်တယ် …. ဒီကြားထဲမှာ မြန်မာဗွီဒီယိုခွေတွေလည်း ငှားကြည့်တတ်သေးတယ် …. သူခရီးထွက်တော့ အပြင်ကို တစ်ယောက်တည်းထွက်ရမှာ ပျင်းတာနဲ့ အခွေမကြည့်ဖြစ်တာ နည်းနည်းကြာသွားခဲ့တယ် … ခွေဆိုင်ရောက်တော့ ၁ လလောက်မငှားဖြစ်တဲ့ကားတွေထဲက ဘယ်ကားက ဟာသကားတွေလဲဆို ပြီးရွေးနေမိတယ် …. ကျွန်မက ခွေကြည့်ရင် သရဲကားနဲ့ဟာသကားပဲကြိုက်တယ် .. မြန်မာသရဲကားကျတော့ ကြည့်လို့မကောင်းလို့ မကြည့်ဘဲ မြန်မာဟာသကားပဲကြည့်ဖြစ်တယ် ….အခုခေတ်က ဟာသကားတွေ ကျော်ရဲအောင်ကသရုပ်ဆောင်တာများတယ် … ကျော်ရဲအောင်တစ်ခါမြုပ်သွားခဲ့ဖူးတယ် … အခုတဖန်မှာ ကျော်ရဲအောင်က ဟာသရုပ်ရှင်ကားကြီး မှာ […]