ရွှေအိမ်စည်September 12, 20111min22815
***ရီဝေဝေ. . . နဲ ့ချစ်မိသူ*** ပျင်းလွန်းလို့ကွန်ပျူတာရှေ့ထိုင်လိုက်သည် ဘာလုပ်ရင်ကောင်းမလဲ ဟိုလုပ်ဒီလုပ်နှင့်ကြာ တော့လည်းပျင်းလာသည်။ ဝက်ဆိုက်တွေလဲ ြကြည့်ရတာညောင်းလာသည်။ သူချက်ရွန်း ထဲဝင်လိုက်သည် အပျင်းပြေပေါ့။ သူ့နစ်နိမ်းကိုသူကြည့်ပြီးပြုံးသည် အထုတ်ရှုပ် တဲ့သူဘာ သာသူသဘောကျစွာတစ်ချက်ရယ်သည်။ ချက်ရွန်းထဲမှနစ်နိမ်းတော်တော်များများကို သူလိုက် ကြည့်သည်ချက်ချင်စိတ်မရှိ ပျင်းဖို့ကောင်းလိုက်တာ။ ဝါးကနဲတစ်ချက်သန်းဝေလိုက်သည် ခုမှ (၇) နာရီထိုးရုံရှိသေးသည် မအိပ်ချင်သေး အချိန်တွေကိုအိပ်စက်ချင်းနှင့်ကုန်လွန်ပစ်လိုက် ရမှာကိုသူနှမျှောသည်။ ဒီအတိုင်းတော့ဘယ်ရမလဲ နည်းနည်းတော့ရှုပ်လိုက်ဦးမည် အပျင်းပြေ ပေါ့။ သူနစ်နိမ်းတွေကိုလျှောက်ကြည့်ရင် နစ်တစ်ခုကိုသွားတွေ့သည် အရူမလေး တဲ့နစ်နိမ်းကိုကြည့်ပြီးသူနည်းနည်းစိတ်ဝင်စားသွားသည်။ အပျင်းပြေပေါ့ကောင်မလေးရေ….အထုတ်ရှုပ်နဲ့ အရုးမလေး အွန်လိုင်းတိုက်ပွဲတစ်ခုစတင် ကြရအောင်လား။ နစ်နိမ်းပေါ်သို့ကလစ်တစ်ချက်ခေါက်လိုက်သည်။ “ဟိုင်း’ ထို့နောက်သူကပင်စတင်နှုတ်ဆက်လိုက် သည်။ တိုက်ပွဲခေါ်သံပေါ့ကောင်မလေးရေ….. သိပ်မကြာလိုက် ကွန်ပျူတာဖန်သားပြင်ပေါ်သို့စာလုံးတစ်လုံခုန်ပေါက်တက်လာသည်။ “ဟိုင်း ဖရန့်’ ထို့နောက်မှာတော့… “မင်းကအရူးမလေးဆိုတော့စိတ်မနှံတာလား စိတ်ရောဂါအထူကုကိုသွားလေ’ “ဒါပေါ့ရှင်လူတိုင်းက တစ်ယောက်တစ်မျိုးစီရူးနေကြတာပဲ […]