Ma EiAugust 23, 20131min34233
လှည့်စား…..ညာစား…..ရုပ်ရှင်ကား။ ဒါဘယ်နေရာလဲ ကြည့်ပါဦး..လှလိုက်တဲ့ ကျောက်တောင်ကြီး ဖူးခက်မှာများလားဟင် ၊ ဒီမှာလဲကြည့် အပျော်စီးသင်္ဘောနဲ့ ရိုက်ထားတာရယ်…ကမ်းခြေရှုခင်းတွေနဲ့ မင်းသမီးတွေကလဲ နုနုဖတ်ဖတ် လှလှလေးတွေ၊ ရီစရာကားတဲ့…သွားကြည့်ရအောင်နော်… သတင်းစာတွေထဲက ကြော်ငြာကို ပြရင်း … သွားကြည့်ရအောင်နော် ..နော် …နှစ်ခါနော်လိုက်တော့ အေးပါကွာ၊သွားချင်လဲသွားလေ…ရုပ်ရှင်လဲ မကြည့်တာကြာခဲ့ပြီဘဲ…တဲ့ ဒီနေ့က တနင်္ဂနွေလဲဖြစ် တနေ့ကမှတင်တာဆိုတော့ လူများမယ် အစောပွဲ ဆယ်နာရီခွဲ ကိုဘဲသွားကြမယ်ဆိုပြီး… သမ္မတ ရုပ်ရှင်ရုံကို မိသားစုသုံးဦးသား ချီတက်ခဲ့ကြပါတော့တယ်…   ရုံရောက်တော့ လူရှင်းနေသားနော်…အဲ နိုင်ငံတော်သီချင်းတောင် ဖွင့်နေပြီဘဲကိုး..မြန်မြန်လာပါ.. ကဲကဲ ထောင့်ငါးရာတန်း သုံးခုံ ပေးပါ ဝယ်ပြီးအပေါ်ထပ်တက် ခတ်မှောင်မှောင်ထဲမယ် တာဝန်ကျ ဝန်ထမ်းလေးနေရာပြပေးလို့သာ ဘယ်နေရာ ကိုယ့်ထိုင်ခုံမှန်းသိတော့တာရယ်။ သမီးအလယ်ထားလို့ နေရာယူထိုင်ပြီးမှ ဘေးဘီကြည့်လိုက်တော့ နှစ်ဖက်လုံး အတွဲ၊ ရှေ့နောက်တွေလဲ အတွဲ၊ […]


mipukayJuly 27, 20101min1133
ရုပ်ရှင် နှင့် ကျမ။ ။ ကျမသည်ရုပ်ရှင်ကိုအလွန်ချစ်မြတ်နိုးသူဖြစ်ပါသည်။ ကျမဘဝ၏ အရွယ်ရောက်ဘဝ အားလပ်ချိန်အားလုံးနီးပါးသည် မိမိကိုယ်ကိုယ်ဖျော်ဖြေရေးအစီအစဉ်အနေဖြင့် ရုပ်ရှင် ကြည့်ခြင်းဖြင့်သာအချိန်ကုန်ခဲ့ပါသည်။ ကျမငယ်စဉ်လမ်းမလျှောက်တတ်တတတ်ကတည်းက ရုပ်ရှင်ကြိုက်သူဟုမိဘများကပြောကြပါသည်။ အဘယ်ကြောင့်နည်း….. ၁။ ငယ်စဉ်က ရုပ်ရှင်ကြည့်ရင်းမုန်းအဝစားခဲ့ရသည်။ ထို ့ကြောင့် ကလေးသဘာဝရုပ်ရှင်ရုံသို့သွားရခြင်းအားပျော်ရွှင်ခြင်းဖြစ်သည်ဟု ထင်ပါသည်။ ၂။ သားအမိသားအဖစုံညီစွာနှင့် ညနေခင်းကျုံးနဘေး လမ်းလျှောက်ရင်း ပျော်ရွှင်စွာစကားပြော ဆော့ကစားရခြင်းအကြောင်းအရင်းကလဲ ဲမိသားစု၏နွေးထွေးသောမေတ္တာကိုခံစားတတ်စေခဲ့ပါသည်။ ထို ့ကြောင့်ရုပ်ရှင်သွားကြည့်မည်ပြောတိုင်းအလွန်ပျော်ရွှင်ခဲ့ပါသည်။ စနေတနင်္ဂနွေ ကျောင်းပိတ်ရက်တိုင်း ရုပ်ရှင်ကြည့်ချင်စိတ်အမြဲရှိနေသည်ကိုအမှတ်ထားမိပါသည်။ ၃။ ကျမတို ့ငယ်စဉ်က Jungle Book ကဲ့သို ့သော နိုင်ငံခြားရုပ်ရှင် ကာတွန်းများကိုရုပ်ရှင်ရုံကြီးတွင်ရုံတင်ပြသလေ့ရှိပါသည်။ မြန်မာစာတမ်းထိုးရန်မလို၊ ဖတ်တတ်ရန်မလိုဘဲကြိုက်နှစ်သက်ရသည်မှာ ကျမ၏ဖခင်က မညီးမငြူဘဲဘာသာပြန်ပေးသောကြောင့်ဟုထင်ပါသည်။ကျမကို အင်္ဂလိပ်အသံထွက်နားရည်ဝရန် နားထောင်ခိုင်းခဲ့ပါသည်။ ပုံပြောသကဲ့သို့ ကားအစမှအဆုံး အာညောင်းခံကာ ဘာသာပြန်ပေးခဲ့သော အဖေ့ကျေးဇူးကားကျမအရွယ်ရောက် သောအခါတွင်မှသတိထားမိခဲ့ပါသည်။အဖေ့ကိုကျမအလွန်ပင်ချစ်ပါသည် ကျမသိလိုသမျှမည်သည့်အခါမျှမညင်းခဲ့ဘဲထပ်ဖန်တလဲလဲပြောပြပါသည်။ […]