Train To Busan ဆိုတဲ့ ကိုရီးယား ရုပ်ရှင်ဇာတ်ကားလေးဟာ ထွက်ထွက်ရှိချင်းမှာ ကိုရီးယား မှာ ဝင်ငွေစံချိန်ချိုးခဲ့ပါတယ်။ စင်ကာပူမှာလည်း ဝင်ငွေ စံချိန်တင်ခဲ့ပါသေးတယ်။ ဒီရက်ပိုင်း အမေဆေးရုံနဲ့ အလုပ် အရမ်းရှုပ်နေတဲ့ကြား မနေ့ကပဲ ရုပ်ရှင်ရုံမန်နေဂျာကို လက်မှတ်ချန်ထား ပေးပါလို့ အကူအညီတောင်းရင်း သွားကြည့်ခဲ့ပါတယ်။   ဒီနေရာမှာ မင်းသားဘယ်သူဘယ်ဝါလို့ မရေးဘဲ ဇာတ်ကောင်တွေ နေရာကနေသာ ရေးပါမယ်။ ဘူဆန်သို့ ရထားဖြင့် ခရီးထွက်ခြင်း အလုပ်တွေအရမ်းရှုပ်တဲ့ Fund Manager အဖြစ် အလုပ်လုပ်ကိုင်တဲ့ ကလေးတစ်ယောက်ဖခင်တစ်ေ ယာက်ကို သူ့သမီးလေးဖြစ်သူဟာ စိတ်ထိခိုက်လို့နေပါတယ်။ အလုပ်ကိုသာ ဦးစားပေးတဲ့ လူတစ်ယောက်ကို မိန်းမကလည်း စွန့်ပစ်ပြီး သူနေထိုင်ရာဘူဆန်မြို့မှာ နေထိုင်လျက်ရှိပါတယ်။ သမီးဖြစ်သူကို အဖွားဖြစ်သူနဲ့ အိမ်မှာသာ ပစ်ထားတဲ့ ဖခင်တစ်ယောက်ဟာ ဘယ်လောက်ထိအောင် […]