ဟောလိဝှဒ်က ဝတ္တုကတဆင့် ပြန်ရိုုက်တဲ့ မှော်ဆန်ဆန်ကားတွေကာ တော်တော်လေး ပေါက်ရောက်ခဲ့ပါတယ်။ အထင်ရှားဆုံးပြပါဆိုရင် ဟယ်ရီပေါ်တာပါ။ ဟယ်ရီပေါ်တာလို နောက်ထပ်ထွက်လာတဲ့ ဇာတ်ကောင်က ပါဆီဂျက်ဆင်ပါ။ ပါဆီဂျက်ဆင်ကတော့ ဟယ်ရီပေါ်တာလောက်မအောင်မြင်ခဲ့ပါဘူး။   ပါဆီဂျက်ဆင်ဟာ နတ်ဘုရားတွေရဲ့ ဇာတ်လမ်းနဲ့ ဆက်စပ်နေလို့ သိပ်မနှစ်သက်မိသလို။ ဟယ်ရီပေါ်တာ နောက်ပိုင်းမှာ ဝတ္တုကနေ့ အသက်သွင်းခဲ့တဲ့ ဇာတ်ကားတကားဟာတော့ ကျတော့်အတွက် ခုထက်ထိ မရိုးနိုင်တဲ့ ရသတစ်ခုပေးလို့နေပါသေးတယ်။ ဒီဇာတ်ကားလေး အကြော်ငးရေးမယ်ရေးမယ်နဲ့ အခုမှ ရေးဖြစ် ပါတော့တယ်။   ၂၀၀၈ ခုနှစ်က ထွက်ခဲ့တာမို့ ကြာခဲ့ပြီဆိုပေမယ့် မှတ်မှတ်ရရ အဲ့သည်ဇာတ်ကားထွက်ထွက်ချင်း Box Office မှာ Top 1 ကိုချိတ်ခဲ့တာလည်း မှတ်မိပါသေးတယ်။ ဒီဇာတ်ကားဟာ မှောပညာနဲ့ သိပ်မဆိုင်သလို ၊ နတ်ဘုရားတွေ နဲ့လည်း မဆိုင်ပါဘူး။ […]