uncle gyiMay 10, 20151min14910
  ကျွန်တော်သူငယ်တန်းက၄တန်းအထိမူလတန်းကျောင်းတခုမှာ ၄တန်းအောင်တော့အထက်တန်းကျောင်းကိုပြောင်းရပါတယ် အဲဒီကျောင်းမှာအတွေ့အကြုံလေးတခုပြောချင်ပါတယ် အမှိုက်ပစ်တာကအစကျောင်းသားကြီးတွေကကျောင်းသားငယ်တွေကိုထိမ်းပါတယ် တံတွေးရမ်းမထွေးရပါဖူး ကျောင်းသားငယ်တွေကလည်းကျောင်းသားကြီးတွေကိုလေးစားရပါတယ် ရတန်းတုန်းကအတန်းတူစီနီယာသူငယ်ချင်းတယောက်ရှိပါတယ် စာမေးပွဲဖြေရင်စာရွက်တွေထထတောင်းပြီးဖြေတာအတော်အားကျမ်ိပါတယ် ကိုယ်ကသူ့လိုစာရွက်ထထမတောင်းနိုင်ဖူးလေ စာမေးပွဲအောင်စာရင်းထွက်တော့သူကျပါတယ် ကိုယ်တွေကအောင်ခဲ့ပါတယ် အခုပြန်တွေးမိတာသူကလိုရင်းရောက်အောင်တနည်း မေးခွန်းဆိုလိုရင်းကိုမိအောင်မဖြေနိုင်တာ ဒါကြောင့်စာရွက်တွေတထပ်ကြီးရေးဖြေပြီးမအောင်ခဲ့တာ အခုမေလ၃ရက်နေ့က တကဘာလုံးကစောင့်စားကြည့်ခဲ့တဲ့လက်ဝှေ့ပွဲတိုက်ရိုက်ပြတုန်း မကြည့်လိုက်ရပါဖူး ဖဘ မှာတက်လာကြတဲ့စာတွေကြည့်ပြီးပက် နိုင်သင့်တယ်ပြောသူနဲ့ မေဝယ်သာကိုအပြေးချံပီယံဆိုပြီးချီးကျူးသူနဲ့ဒိုင်တွေဘက်လိုက်တယ်ဆဲသူနဲ့ ပွထနေမှလက်ဝှေ့ပွဲကြီးပြီးသွားတယ်ဆိုတာသိလိုက်ရပါတယ် ဒါနဲ့ပြန်ပြတဲ့ပွဲကိုစောင့်ကြည့်မိပါတယ် တကယ်ဆိုနာမည်ကြီးသလောက်ပွဲကကြည့်မကောင်းခဲ့ပါဖူး ပက် ကလိုက်ထိုးသလောက် မေဝယ်သာကပတ်ပြေးနေတာလည်းအမှန်ပါ ဒါပေမဲ့ပက် ကမေဝယ်သာကိုချောင်ပိတ်ပြီးစိတ်ကြိုက်ကိုထိုးတာ ၁စက်ကန့်ကိုလက်သီး၂လုံးလောက်ဝင်အောင်ထိုးသွားတာ မေဝယ်သာကလက်၂ဖက်နဲ့ပိတ်ကာသွားတာစံနစ်တကျနဲ့ထိချက်တွေမကောင်းတာအမှန် ်မေဝယ်သာကတချက်တချက်ထောက်လက်သီး ဖြတ်လက်သီးတွေသွင်းလိုက်တော့ ပက် မခုခံနိုင်တာလည်းအမှန် တကယ်တော့လဲအောင်မထိုးနိုင်ရင်အမှတ်နဲ့အနိုင်ပေးတာ မြန်မာလက်ဝှေ့လိုပူးတွဲသရေမရှိတဲ့အနောက်တိုင်လက်ဝှေ့မှာ အမှတ်မယူနိုင်တာ အာရှကြိုက်စိတ်ကြိုက်ထိုးနိုင်ပေမဲ့ စည်းကမ်းအရအမှတ်မရခဲ့တော့ပက် ရှုံးခဲ့ရတာ ကိုယ့်အာရှသားကိုအနိုင်ပေးချင်ပေမဲ့ ထိုးနိုင်တိုင်းအနိုင်မဟုတ်ပဲအရှုံးလည်းဖြစ်တယ်ဆိုတာ လက်မခံချင်ပေမဲ့လက်ခံလိုက်ရပါတယ် အနိုင်အရှုံးဆိုတာ ကိုယ်နိုင်မယ်ထင်ပေမဲ့ရှုံးတတ်သလို ကိုယ်ရှုံးမယ်ထင်ပေမဲ့နိုင်တတ်တာကြောင့် သတ်မှတ်ချက်တခုမျှသာလို့ဆိုချင်ပါတယ်


uncle gyiApril 16, 20151min24924
ကျွန်တော်တို့ငယ်တုန်းကကျူးဆိုတာအတော်မျက်နှာငယ်တာကိုး နေစရာမရှိလို့သူများအိမ်ရှေ့ကျူးကျော်နေတယ်ဆိုတာအတော်နည်းပြီးတော်ရုံလူကလဲ ကျူးအဖြစ်နဲ့နေတာကိုရှက်ကြတာကိုး ဟိုးတုန်းကတော့မြေဈေးတွေကလည်းမကြီးမြေတွေကလည်းပေါဆိုတော့နေစရာမရှိသူက ကိုယ့်အနားလာပြီးတဖက်ရပ်ကလေးလာဆွဲပြီးနေရင်ကိုစားစရာတွေပေးရတာနဲ့ အလုပ်မရှိရင်အလုပ်ရှာပေးရတာနဲ့မြန်မာရဲ့ကူညီရိုင်းပင်းမှုစိတ်တွေကချစ်စရာကိုဖြစ်နေတာ   အခုနောက်ပိုင်းမြေဈေးတွေတက်လာကျူးတွေကတဖြည်းဖြည်းများလာ ကိုယ့်မြေလေးရောင်းတော့မယ်ဝယ်သူကအိမ်ရှေ့ကကျူးကိုဖယ်ပေးဆိုတော့ ကျူးကနေလာတာကြာပေါ့မဖယ်နိုင် ဒါဆိုလည်းမြို့သစ်ဝိုင်းလေးဝယ်ပေးမယ်ဆိုလည်းမြို့သစ်မနေနိုင် ဘယ်နေရာဝယ်ပေးဆိုပြီးပြောလာရော မခက်လား ချဉ်စရာမြန်မာ့စရိုက် ဒါကကျူးသရုပ်ဖော်တကွက်   ဟိုနေရာကကျူးတွေ အဲဒီနေရာက ိုပြန်ရောင်းနေတယ်ဘာစာချုပ်မှမပါ ဒါပေမဲ့ကျူးတွေဖယ်ခိုင်းရင်မြေတကွက်တော့သေချာရမှာဝယ်ထားရင်မမှားဖူး တန်တယ်နဲ့ဝယ်လိုက်ကြတာငွေရှိသူရောမရှိသူပါ နောက်တော့ဘာမြေကွက်မှမပေးဆိုတော့ရှိသူကနဲနဲပွန်းသွားပေမဲ့ မရှိသူကကုန်ပြီဒါကလောဘကျူး   ပိုင်ရှင်မရှိတဲ့အကွက်တွေဝင်သာနေဖယ်ခိုင်းတော့ပိုက်ဆံပေးမှဖယ်ပေးမယ် ဒါကလုပ်စားကျူးတွေ   ဒီနေရာကျူးတဲတေ ွရှင်း နေစရာမရှိလို့ကျူးတာ နေစရာအစားပေး သနားပါတယ်ဆိုပြီးမြို့သစ်တွေမှာမြေကွက်ရိုက်ပေး ပြောင်းသွားပါတယ်ခဏ နောက်တော့မြေကိုရောင်းစားပြီးနဂိုနေရာပြန်ရောက်လာတဲ့ လူလည်ကျူးတွေ   မြစ်ဝကျွန်းပေါ်သွားလမ်းမပေါ်မှာတညတည်းနဲ့တဲအိမ်ရာထောင်ချီ ဆောက်ပြီးကျူးတဲ့နိုင်ငံရေးကစားကွက်ထဲကကျူးတွေ   အနှီးကျူးထိုကျူးအမျိုးမျိုးကျူးကျူးနေကြတာ အရင်းစစ်အမြစ်မြေကဆိုသလို တရားဥပဒေကိုလူတွေမလေးစားကြတာ ဥပဒေကိုကကျူးတွေအတွက်အကာအကွယ်ပေးထားတာ ကျူးတဲကိုဖျက်ရင်ကိုဖျက်တဲ့သူကိုကျူးကပြန်တရားစွဲရင်လျော်ကြေးပေးရမယ်   အချောင်သမားတွေအတွက်စားပေါက်ကြီးဖြစ်နေတဲ့ အနှီးကျူးထိုကျူးများကိုနှစ်သစ်မှာ စံနစ်တကျထိမ်းသိ်မ်းနိုင်သောဥပဒေများထုတ်ပြန်နိုင်ပြီး နိုင်ငံတိုးတက်ပါစေကြောင်း ဆုတောင်းရင်း မြန်မာတို့ရဲ့နှစ်သစ်ကိုကြိုဆိုလိုက်ပါကြောင်း