etoneJuly 18, 20111min23237
ပြီးခဲ့တဲ့ တပတ်ကျော်က ပလာဇာကိုရောက်ခဲ့ပါတယ်… ဈေးပတ်ပြီး မောတာရယ် …ခြေထောက်ညောင်းနေတာရယ်နဲ့ … ဂျေဒိုးနပ်ထဲဝင်ပြီး ကော်ဖီသောက် ၊ မုန့်စားနေတုန်း … ကျွန်မမျက်စိထဲဝင်လာတာ မြင်ကွင်းတစ်ခုကြောင့် အံ့ဩသွားခဲ့ပါတယ်…။ ဆယ့်ကိုးနှစ် … နှစ်ဆယ်နှစ်ကောင်လေးတယောက်…. အသားကတော့ ….. မည်းတဲ့ အမျိုးစားပါ… အကျီ င်္ဘောင်းဘီ အပွ ၊ အဖြူရောင်ကြီး ဝတ်ထားပါတယ်….. ။ ကတုံးဆံပင်ပေါက် ခေါင်းမှာ ကောင်းဘွိုင်ဦးထုပ်ကြီးနဲ့ပေါ့ … မျက်မှန် မည်းမည်းကြီးကလည်း တပ်ထားပါသေးတယ်… ။ ဒီလို အပြင်ဆင်က ယခုခေတ်မှာ အထူးဆန်းမဟုတ်တော့ပေမဲ့ …. သူ့နောက်မှာ လွယ်ထားတဲ့ ဓါးရှည်ကြီးကတော့ အထူးဆန်းပါပဲ … ။ တရုတ်ကားထဲက သိုင်းသမားတွေ ဓါးလွယ်ထားသလိုပါပဲ …. ကျွန်မမျက်စိရှေ့တည့်တည့်မို့ ဓါတ်ပုံရိုက်ချင်ပေမဲ့ … […]