black chawMarch 3, 20121min28419
ရုံးပိတ်ရက် ဆိုရင် ရွာထဲမှာ လူနည်းလေ့ရှိပါတယ်။ လူနည်းတော့ ပျင်းစရာကောင်းတယ်လို့လည်း ညည်းတတ်ကြပါတယ်။ အဲဒီအတွက် အပျင်းပြေ သတင်းလေးတွေ ဖတ်ဘို့ တင်ပေးလိုက်တာပါ။ ရုံးပိတ်ရက်မှာဖတ်ဖို့ အပျင်းပြေပေါ့ဗျာ။ ပေါ့ပေါ့ပါးပါး ဖတ်ပြီး ပျင်းနေတဲ့ စိတ်လေးတွေ နည်းနည်းလောက် ထွက်ပေါက်ရတယ်ဆို ကျေနပ်ပါပြီခင်ဗျာ။ ရုပ်ရှင်သရုပ်ဆောင် ဖွေးဖွေး ရဲ့ သူငယ်ချင်း ဂျပန်မလေး ဝမ်းလျှောခြင်း။ (Sunday weekly) Facebook ပေါ်က သတင်းလို့ဆိုပါတယ် ကျောင်းဒကာ။ ရုပ်ရှင်သရုပ်ဆောင်ဖွေးဖွေးရဲ့ သူငယ်ချင်း ဂျပန်မလေးတစ်ယောက် ဟာ ဟိုတယ်ကြီးတစ်ခုမှာတည်းရင်း ပုဇွန်ဟင်း အစားမှားလို့ ဝမ်းလျှောတော်မူပါသတဲ့ဗျာ။ တော်တော် ဆိုးတဲ့ပုဇွန်။ သေတာတောင်နည်းသေးတယ်။ ဘယ့်နှယ့် ဂျပန်မလေးကိုမှ သွားလုပ်ရတယ်လို့။ မသကာ မြန်မာဝန်ထမ်းကို ပါးရိုက်ခဲ့တဲ့ ဂျပန်ကောင်ထီးဆိုရင် တော်သေးရဲ့။ ခုတော့ သူလေးခင်ဗျာ ရေခြားမြေခြားမှာ […]