ခင္ခJune 22, 20161min19414
“မျက်မြင်သက်သေ”   “ဝုန်း” “ခွမ်း” “ဟ ကွဲသွားပြီ ပြေး ဟေ့” “တောက်” “ဂျိမ်း” ဦးလေးပွတစ်ယောက် ဒေါသထွက်ပြီး တောက်ခေါက်ကာ ကားတံခါးဖွင့် ဆင်းလိုက်ပြီးနောက် “ဟေ့ချာတိတ်တွေ မပြေးနဲ့အခုရပ် မင်းတို့လုပ်တဲ့ကိစ္စမင်းတို့လာရှင်း” “ပြေးကွ ပြေး” “အား” ဒါပေမယ့် လူမော် တစ်ယောက်က ကံဆိုးစွာ ပြေးရင်းတာလမ်းမပေါ် ခြေချော်လို့ လဲလိုက်သဖြင့် ဦးလေးပွ တစ်ယောက် အဲချာတိတ်ကို ထူပေးရင်း လက်ဆွဲလို့ သူရဲ့ကားဆီကို ဖမ်းခေါ်လာခဲ့ကာ ကားနားရောက်တော့ “ကဲကြည့် မင်းတို့ကန်လိုက်တဲ့ဘောလုံး ငါကားရဲ့နောက်ဖက်တံခါးမှန်ကိုထိပြီး ကွဲသွားပြီး ကားထဲက ဘောလုံးက မင်းတို့ကန်နေတဲ့ ဘောလုံးမလား” “ဟုတ်ပါတယ် သားတို့ကန်နေတဲ့ဘောလုံးပါ” “အေး ဟိုမှာ ဆက်မပြေးဘဲရပ်နေကြတဲ့ မင်းသူငယ်ချင်းတွေခေါ်လိုက် မင်းတို့ဘယ်လိုလျော်ပေးမှာလဲပြော” “ဟေ့ ကောင်တွေပြန်လာကြအုံးဟ ဒီမှာလာရှင်းကြအုံး” လို့လူမော်က […]