ကို သာSeptember 13, 20121min1183
ပြည်ပမီဒီယာနှင့် ပြည်တွင်းမီဒီယာများတွင် “ရိုဟင်ဂျာ” ဟု သုံးစွဲနေခြင်းအားရပ်တန့်ပြီး ဘင်္ဂလီဟုသုံးကြရန် မြန်မာနိုင်ငံသတင်းစာဆရာအသင်း အနေဖြင့် စာထုတ်ပြန်ပေးပါရန် ရခိုင်ပြည်နယ်သတင်းဂျာနယ်အယ်ဒီတာ ဗဂျီးကျော်မှ ဥက္ကဌ မောင်ဝံသထံတောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။ စက်တင်ဘာ (၉) ရက်နေ့ မနက် (၁၀) နာရီတွင်ရခိုင်ပြည်နယ်ပြန်ဆက်ရေးရုံး၌ သတင်းစာဆရာအသင်းဥက္ကဌ ကျွန်းသားငမန်း၏ ညီလာခံအတွေ့အကြုံ ရှင်းလင်းပွဲအပြီး၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဥက္ကဌ ဆရာမောင်ဝံသနှင့် ရခိုင်ပြည်နယ် သတင်းစာဆရာအသင်းတို့ စစ်တွေမြို့ ရွှေသဇင်ဟိုတယ်တွင် တွေ့ဆုံခဲ့စဉ် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဥက္ကဌ ဆရာမောင်ဝံသက ရခိုင်ပြည်နယ်တွင်းပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင် တာဝန်ဖြင့် စစ်တွေမြို့တွင် ခေတ္တရောက်ရှိလာစဉ် တွေ့ဆုံပွဲတွင် ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ” နိုင်ငံတော်သမ္မတ ကိုယ်တိုင်က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာ မရှိဘူးလို့ပြောထားတယ်။ တိုင်းရင်းသား ၁၃၅ မျိုးမှာလဲ […]