CrystallineMay 16, 20121min23852
သူကြီးနှင့်တကွ ရွာသူရွာသားများအားလုံးမင်္ဂလာအပေါင်းခညောင်းပါစေရှင်။ မီးကတော့ ရွာသူအသစ်လေး Crystalline ဖြစ်ပါတယ်။ Mandalay Gazette ကိုအားပေးနေတာ ကြာပြီ ဖြစ်ပေမယ့်အခုမှပဲ register လုပ်ဖြစ်ခဲ့တာပါ။ ကံကဆိုချင်တော့ ရွာထဲကို မှတ်ပုံတင်ပြီး ဝင်တဲ့အချိန်မှာပဲ အလွန်ဆိုးရွားတဲ့ connection နဲ့တိုးပါတယ်။ ပို့စ်တခုဖတ်ဖို့ဖွင့်တာတင် ၁၅မိနစ် နောက်ပို့စ်တခုပြောင်းဖို့ ၁၅မိနစ် ဟင်း..ဟင်း. MG Village က ရွာမျက်နှာဖုံးများရဲ့ ရုပ်ပုုံများကို အရှင်လတ်လတ်မြင်တွေ့ပြီးတဲ့နောက်မှာ တော့ ဒီရွာကြီးအကြောင်းကိုအခုထက်ပိုသိအောင် တော့ရွာထဲကိုမှတ်ပုံတင်နဲ့တကွ ဝင်ကြည့်သင့်ပြီးလို့ထင်ပြီး မှတ်ပုံတင်နဲ့တကွဝင်လာတာပါ။ ရွာထဲကိုလွန်ခဲ့တဲ့တစ်နစ်လောက်က ပထမဆုံး အလည်ရောက်စဉ်က စတွေ့တာကတော့မမဝေရဲ့ဟင်းချက်နည်း လေးနဲ့ပါ။ ကော်ပီကူးပြီး cooking recipes ဆိုပြီး သီးသန့် Folder လေးနဲ့ကိုယ်မချက်တတ်တဲ့ ဟင်းချက်နည်းလေးတွေဆိုရင် သိမ်းထားဖြစ်တယ်။ မဝေတို့၊ မနိုဗွီတို့၊ မအိတို့၊ မနွယ်ပင်တို့လို စာဖိုမှူးကြီးတွေကြားမှာ […]