manawphyulayOctober 31, 20112min19821
ခုတစ်လော သီတင်းကျွတ်လို့လားမပြောတတ်ဘူး။ ခြံထဲမှာစိုက်ထားတဲ့ပန်းလေးတွေကလည်း သိနေတဲ့အလားပဲ အပြိုင်အဆိုင် ဖူးပွင့်ကုန်ကြတယ်။ တစ်နေ့ တစ်နေ့ ပန်းတွေကြည့်နေရတာနဲ့တင် ကြည်နူးမိတယ်။ ခုတော့ အားလုံးကို ကြည့်ဖို့ မျှဝေတာတောင် ကွန်နက်ရှင်က လက်မခံဘူး။ တင်ပြီးတာတောင် မရောက်လို့ပြန်လုပ်ရတယ်။ ဓာတ်ပုံရိုက်ရတာလည်း အမောပါပဲ။ မင်္ဂလာဆောင်တွေကလည်း ဖိတ်တာတွေများတော့ ပန်းပန်ချင်တဲ့အိမ်နီးနားချင်းတွေအတွက်တော့ အဆင်ပြေကြတာပေါ့နော်။ အိမ်မှာ နည်းနည်းလာတောင်းလိုက်နဲ့ အဆင်ကိုပြေလို့။ အိမ်မှာကတော့ ရေလောင်းပြီး ပန်းပင်တွေကို ကြည့်မဝရှုမဝပါပဲ။ အများကြီးပဲ တင်လိုက်တာ အဆင်မပြေဘူး။ ရသလောက်ပဲယူသွားကြတော့နော်။ မနော နောက်နေ့မှ ထပ်ရိုက်လာခဲ့ပေးမယ်သိလား။