Kaung Kin PyarMay 3, 20141min38137
အမှန်က ကိုအလင်းဆက်ရေးတဲ့ ရွာ့အရေးတစ်ခု တိုင်ပင်ဆွေးနွေးရအောင် ပိုစ့်အောက်မှာ ဝင်မေးရမယ့် မေးခွန်းတစ်ခုပါ…။ ဒါပေမယ့် ရေးရင်းရေးရင်း ပြောချင်တာရှည်သွားတာမို့ ပို့စ်တစ်ခု သတ်သတ်ခွဲထုတ်လိုက်တာပါ…. ကောင်းကင်ပြာ မေးချင်တာက…. ” Gay စိတ်ပေါက်ချင်ချင်ဖြစ်နေတဲ့ ယောကျာင်္းလေးတစ်ယောက်ကို ပြန်ပြီး ယောကျာင်္းပီပီသသ ဖြစ်လာအောင် ထိန်းလို့ ရနိုင်သေးလား..၊ ဘယ်လိုနည်းမျိုး သုံးရင် အဆင်ပြေနိုင်မယ် ထင်ပါသလဲ..? ” အဟဲ.. ကောင်းကင်ပြာတို့ အမျိုးမှာ ယောကျာင်္းလေး နည်းပါတယ်…။ ဟိုဘက်ဒီဘက် ပြေးကြည့်ပါမှ အမေ့ဘက်က အကိုဝမ်းကွဲတစ်ယောက်ရယ် ရှိတာပါ..။ ငယ်ငယ်က သိခဲ့တာပေါ့လေ… အကိုဝမ်းကွဲကတော့ ငယ်ကတည်းက အမျိုး အချစ်တော်ကြီးပေါ့လေ…။ သားဖြိုးကြီး သားဖြိုးကြီးနဲ့ကို နေတာပါ…။ အမေဆိုလဲ အဲ့ဒီအကိုကို ချစ်လိုက်တာမှ…။ ပြီး ရှိသေးတယ်..။  မြန်မာဗွီဒီယိုကားလေးများ မကြည့်လိုက်နဲ့… ။ […]