ခင္ခMay 21, 20131min40433
“ဒေဝေါကြီး လာမှာစိုးတယ်´´   ကလေးဘဝငယ်ငယ်တုန်းက ရန်ကုန်မြို့ စမ်းချောင်းမှာ ဦးလေးတွေ အဒေါ်တွေနဲ့ ခင်ခ တို့မိသားစု ပေါင်းစည်း ကာနေခဲ့စဉ်က မိုးရာသီ မိုးချိန်းသံတွေ လျှပ်စီးလက် တဲ့ အလင်းတွေကြားမှာ အကယ်လို့များ ပြောမရတာရှိတဲ့ အခါ  ဥပမာ- အိမ်ရှေ့ လမ်းပေါ်ဆော့နေတော့ မိုးတွေ ချိန်း လျှပ်စီးလက်လို့ မိုးရွာတော့မယ့် ဟန်မှာ အဒေါ်က အိမ်ထဲဝင်တော့ ပြောပေမယ့် အဆော့မက်နေတော့ မဝင်ဖြစ်သေးရင် “အေး အေး ဆက်ဆော့နေ ခဏနေ ဒေဝေါကြီး လာ လိမ့်မယ်´´ လို့လည်းဆိုရော ဒေဝေါ ဆိုတာ ဖြူသလား မဲသလား ဘယ်လိုမှန်းမသိပေမယ့် စိတ်ထဲ ကြောက် တာ နဲ့ ဆော့တာရပ်ပြီး အိမ်ထဲဝင်ခဲ့ရတဲ့ အဖြစ်လေးတွေက အခုလိုမိုးရာသီရောက်ခါနီးဆို ပြန်လည်က […]