ရုံးအလုပ်တွေ ရှုပ်နေတာနဲ့ ရွာထဲကို ချောင်းကြည့် ပြုံးပြန် လုပ်နေတာ တွေ့ဆုံပွဲက ပြန်လာပြီးကတည်းက ထင်ပါရဲ့ ပို့စ် တင်ဖြစ်တော့လည်း ကိုယ်က စာဖတ်သူကို တစ်ခုခု ပေးနိုင်တဲ့ဟာ မဟုတ်ဘဲ အကူအညီ တောင်းတဲ့ ပို့စ်ဖြစ်နေလို့ ရှက်ပါရဲ့ ရှက်လည်း ရှက်တော့ပါဘူး.. အချင်းချင်းတွေပဲဟာ ဟီး အထူးသဖြင့် အကူအညီတောင်းချင်တာကတော့ ရွာထဲက အံဇာတို့ ကိုဖက်ကက်တို့လို အိုင်တီသမားတွေပေါ့.. ဒီလိုပါ အားလုံးသိကြတဲ့အတိုင်း ကျနော်ဟာ အစိုးရရုံးတစ်ခုက တောက်တိုမယ်ရ ဖွတ်ကြားတစ်ကောင်သာသာ ရယ်ပါ အဲ ခုတလောတော့ ဇာတာစန်းလဂ် တတ်တယ်ပြောရမလား.. စုပ်ကော လာဘ်ကော ဝင်မယ့်ကိန်းလားတော့မသိ တောင်ကျွန်းသူအလှလေးတွေရဲ့နိုင်ငံကို သုံးလကြာ သင်တန်းသွားတက်ဖို့ရာ နာမည်စာရင်း အဆိုပြုခံရပါတယ်.. ဟိုဘက်နိုင်ငံက သင်တန်းအရွေးခံရဖို့ရာ More than 3 years […]