weiweiMay 1, 20122min35164
ယနေ့ ပန်းတနော်မြို့နယ် အစုကြီးကျေးရွာတွင်တည်ရှိသော သီတဂူ သုမေဓါဆေးရုံသို့ ရွာသူားများ စုပေါင်းအလှူသွားရောက်ပြုလုပ်ခဲ့ကြပါတယ်။ မနက် ၆ နာရီခွဲ ရန်ကုန်မှ ထွက်ခွာနိုင်ခဲ့ပြီး ပန်းတနော်သို့ ၈ နာရီခွဲမှာရောက်ခဲ့ကြတယ်။ ကားပေါ်မှာ တစ်ဦးနှင့်တစ်ဦး မိတ်ဆက်ကြရင်း၊ သူကြီးပေးလိုက်တဲ့လက်ဆောင်ကိုလဲ မဲဖောက်ကြရင်းနဲ့ ပျော်ရွှင်စွာခရီးနှင်ခဲ့ကြပါတယ်။ တံတားဦးဘုန်းကြီးကျောင်းမှာ မနက်စာ ပန်းတနော်မုန့်ဟင်းခါးစားကြပြီး ပန်းတနော်မြို့ထဲမှာတည်ရှိတဲ့ ကျိုက်ထီးရိုးဘုရားဖူးကြတယ်။ ပြီးတော့မှ အစုကြီးကျေးရွာကို ဆက်သွားခဲ့ပါတယ်။ ဆေးရုံကို ၁၁ နာရီအချိန်ခန့်မှာ ရောက်ရှိခဲ့ကြတယ် .. မြတောင်ဆရာတော်နဲ့တကွ ရွာသူရွာသားတွေက ကြိုဆိုနေကြပါတယ်။ ကျွန်မတို့အားလုံးကို ဧည့်ခန်းတစ်ခန်းထဲကို ခေါ်ဆောင်သွားပြီး ခဏနားနေခိုင်းပါတယ်။ စားသောက်စရာ မုန့်မျိုးစုံနဲ့ ရေခဲစိမ်ထားတဲ့ ရေသန့်ဗူးများဖြင့် ဧည့်ခံကြပါတယ်။ ဆရာတော်နှင့် အလှူအစီအစဉ်ဆွေးနွေးကြပြီးနောက် ဆေးရုံကိုလှည့်ပတ်ကြည့်ရှုကြပါတယ်။ အဲဒီနောက် နေ့လည်စာနဲ့တည်ခင်းဧည့်ခံတယ်။ ရွာလုံးကျွတ်လုပ်အားပေးပြီး သေချာပြင်ဆင်ချက်ပြုတ်ထားပါတယ်။ နေ့လည်စာစားပြီးတော့မှ အလှူငွေပေးအပ်ပွဲအခမ်းအနားပြုလုပ်ခဲ့ကြပါတယ်။ […]