ခုဆို သင်္ကြန်ကျဖို့ သိပ်မလိုတော့ပါဘူး။ ဒီသင်္ကြန်မှာလည်း ရွာပြန်ဦးမယ်။ တစ်နှစ်ဆိုတဲ့ အတိုင်းအတာအတွင်းမှာ ချစ်ရတဲ့ အဖေ၊ အမေ၊ ညီလေး၊ ညီမလေးတွေနဲ့ ခွဲခွာပြီး နေခဲ့ရတော့ လွမ်းတာပေါ့ဗျာ။ မနှစ် သင်္ကြန် ရုံးပိတ်ရက်တုန်းကလည်း ရွာဆီကို ပြန်ခဲ့ပါတယ်။ အဲဒီတုန်းက ကင်မလာလေး တစ်လုံး ပါသွားတာဆိုတော့ မရိုက်တတ်၊ ရိုက်တတ်နဲ့ ဟိုရိုက်ဒီရိုက် လျောက်ရိုက်ခဲ့တယ်။ အဲဒီ ပုံလေးတွေကို ဒီနေရာမှာ ပြန်လည် ဝေမျှချင်ပါတယ် ခင်ဗျာ။                                 “ရွှေကို မလို၊ ရေကိုသာ လိုသည်” ဆိုတဲ့ […]