မောင်ဆန်းFebruary 17, 20131min33329
အလယ်တန်း စတက်တဲ့ နှစ်မှာ မိဘတွေ ပြောင်းရွှေ့ရတဲ့ ဧရာဝတီမြစ်ဘေးက ရွာလေးတစ်ရွာကို စရောက်သွားတယ် ဒုတိယမွေးရပ်မြေလို့ ပြောလို့ ရတဲ့ နေရာလေးမို့ ရွာလေးနဲ့ ပတ်သက်ပြီး အခုထိ မှတ်မိနေတုန်းပဲ…… ရွာလေးက ဧရာဝတီမြစ်ဘေးကမို့ အဓိက သွားလာရေးက သင်္ဘောနဲ့ ပဲ့ထောင်လို့ ခေါ်တဲ့ စက်လှေလေးတွေပဲ ပထမဆုံး စရောက်တဲ့ နေ့ကတဲက ရွာလေးကို သဘောကျသွားတယ် သင်္ဘောပေါ်က ဆင်းလိုက်တာနဲ့ တပြန့်တပြော နဲ့ ကမ်းနားပြင်ကြီးရယ် တဖြည်းဖြည်းမြင့်တက်သွားတဲ့ လမ်းကလေး ရယ် ခရီးသည်တွေ နားတဲ့ အဆောင်လေးရယ် အခုထိ စိတ်ထဲမှာ ပန်းချီဆွဲထားသလို မှတ်မိနေတုန်းပဲ သင်္ဘောဆိုက်ချိန်ဆို ခရီးသည်တွေ ဈေးသည်တွေနဲ့ ပျာပန်းခပ်မျှပေါ့ …သဘောင်္ကလဲ ရန်ကုန်- ဓနုဖြူ ရယ် ဖျာပုံ- ဟင်္သာတ သင်္ဘောရယ် […]