gatoneOctober 14, 20101min29619
ကျွန်တော် ပြည်ပမှာနေတာ ၁ဝ စုနှစ်ကျော်နေပါပြီ။မြန်မာပြည်အကြောင်းကိုလည်း အမြဲမပြတ် နားစွင့်နေပါတယ်။မြန်မာဇာတ်ကား များကိုလည်း တစ်ခါတစ်ရံ ပျင်းနေရင်ကြည့်ဖြစ်ပါတယ်။အထူးသဖြင့် ဒရမ်မာဇာတ်ကောင်းကောင်းဆို ကြည့်ဖြစ်တယ်။တစ်နေ ့က အလုပ်ပိတ်ရက် ညီလေးတစ်ယောက် အိမ်ကို အလည်လာပါတယ်။ညီလေးက အင်တာနက်သုံးရင်း နဲ ့Shwe Dream ဆိုဒ်ကနေ ရှက်ပြေး ဆိုတဲ့ မြန်မာကားကို ကြည့်နေတယ်။ညီက ကျွန်တော်ဘေးမှာ ကြည့်နေတော့ ကျွန်တော်လည်း ကြည့်မိတယ်။ဇာတ်ကားထဲက ဇာတ်ဆောင် မင်းသမီးများဟာ တော်တော်ကို နံသော၊ထသော မြန်မာမင်းသမီးများပါ။၁ဝ ကျော်သက် မိန်းကလေးများသာ ဒီဇာတ်ကားကို ကြည့်ပြီး အတုယူကြမယ် ဆိုရင်တော့ ရင်လေးစရာပါ။မြန်မာပြည်အနေနဲ ့ဒီလောက်ထိ ယောကျာင်္းလေး တစ်ယောက်ပေါ် Favour ပေးတာကို အသားပေးရိုက်ပြလောက်အောင်ထိ မလိုအပ်ဘူးထင်ပါတယ်။ဒါရိုက်တာ ကြည့်လိုက်တော့လည်း သာမန်ညောင်ည၊မင်းသမီးတွေ ကြည့်လိုက်တော့လည်း အဖော်အချွတ် ဦးစားပေး မင်းသမီးတွေ၊ကြည့်မိတဲ့ ကိုယ်မျက်လုံးသာ […]