etoneSeptember 11, 20101min1142
တစ်ခါတလေ ကိုယ့်ရဲ့လူငယ်ဘဝ ဖြတ်သန်းမှုတွေကို ကျွန်မ လျှောက် စဉ်းစားကြည့်မိတယ်။ ကျွန်မ ခုနစ်နှစ်၊ ရှစ်နှစ် သမီးအရွယ် လောက်တုန်းကပေါ့။ အဘိုးရယ်၊ အဘွားရယ်၊ ကျွန်မရယ်၊ မြေးဘိုး မြေးဘွားသုံးယောက် စစ်ကိုင်း ဘက်က အမျိုးတွေဆီကို အလည်သွားကြတာ …။ ကျွန်မ’ဘဘ’ရဲ့တစ်ဝမ်းတည်းကွဲတဲ့ ညီအစ်ကို မောင်နှမတွေဆီကိုပေ့ါ။ ကျွန်မတို့ အင်းဝကူးတို့ဆိပ်၊ ငှက်ဆိပ် ကနေ ငှက်ကလေးနဲ့ ဒုဋ္ဌဝတီ၊ ဧရာဝတီ မြစ်ပြင်ကျယ်ကြီးကိုဖြတ်ပြီး စစ်ကိုင်းဘက်ကိုသွား ရတာလေ။ ဟို့ိုရောက်တော့ အမျိုးတွေရဲ့အိမ်မှာစားကြသောက်ကြရင်း၊လူကြီးတွေ ကစကားစမြည်ပြောနေချိန်ကျွန်မတို့ကလေးတစ်သို့်ကဆော့ကြ၊ ကစား ကြရင်းနဲ့ အိပ်အတွင်းဘက်က စာအုပ်စင်တွေနားရောက်သွားကြတယ်။ ကျွန်မနဲ့ရွယ်တူ ဦးလေးဝမ်းကွဲတစ် ယောက်က စာအုပ်တွေကို ဆွဲချပြီး ဆော့တော့ ကျွန်မတို့လည်း စာအုပ်တွေကိုလျှောက်လှန်ကြည့်ကြတယ်။ အရုပ်ကြည့်တာလေ။ အဲဒီအချိန်က ကာတွန်းကို တအားမက်တဲ့အချိန်ဆိုတော့ ကိုယ်ဖတ်တတ်တဲ့ ကာတွန်းကိုရှာတာပေါ့။ […]