unclegyi1974June 7, 20111min1108
ကျောင်းဖွင့်ချိန် ကျောင်းအပ်တဲ့အကြောင်းတွေ ကျောင်းဆရာတွေကျူရှင်ပေးကြတဲ့အကြောင်းတွေ ဖတ်လိုက်ရပြီးဘာဖြစ်လို့ဆရာတွေကျူရှင်ပေးပြီးပြသနာဖြစ်နေကြတာလဲ ဘယ်တုန်းကစဖြစ်တာလဲစဉ်းစားခန်းဝင်မိသွားပါတယ် ကျွန်တော်မှတ်မိသမျှ ၁၉၆ဝကျော်ကာလကမူပြဆရာတယောက်ရဲ့လစား ၁၂၆ ကျပ်ပါ ဆန်ဈေးက တပြည် ပြား၅ဝ ၆၅ပြားပါ ဆိုတော့မူပြဆရာရဲ့လစာကဆန်ပြည် ၂၀ဝလောက်ဝယ်လို့ရပါတယ် မိသားစု ၄ယောက်အိမ်ထောင်စု တနေ့တပြည်ကုန်တယ်ဆိုရင် တလမှ ဆန်ပြည် ၃ဝ ကုန်ပါမယ် ကျန်ငွေနဲ့အခြားစရိတ်များသုံးနိုင်ပါတယ် စုနိုင်တဲ့ဆရာတွေရွှေတိုရွှေစလေးတွေဝယ်နိုင်ပါတယ် လယ်ပြ ထက်ပြ ကျောင်းအုပ်များမပြောလိုပြီ ၁၉၇ဝ ခုနှစ်ပတ်ဝန်းကျင်ခန့်ထင်ပါတယ် ဓနုဖြူစိုးသိန်းရဲ့စာရေးကြီး သီချင်းအလွန်ခေတ်စားခဲ့ပါတယ်အဲဒီအချိန်မှာလခစားများစတင် ကျပ်တည်းနေပြီဆိုတာသီချင်းစာသားအရသိနိုင်ပါပြီ ၁၉၈ဝ ဝန်းကျင်ရောက်လာတော့လခစားသမားများအတော်ကျပ်တည်း နေကြပါပြီကျောင်းဆရာတွေလည်းကျူရှင်ပြကုန်ကြပါပြီ ပုံမှန်ဝင်ငွေတရပ်အနေနှင့်ကျူရှင်ပြသည်မှာပြောရန်အကြောင်းဘာမျှ မရှိသော်လည်းအတန်းပိုင်ကျူရှင်တက်ရန်စတင်လာကြပါပြီ ၁၉၉ဝ ခုနှစ်ဝန်းကျင်တွင်အတော်အရှိန်ရလာကြပါပြီငါ့ကျူရှင်မတက် တဲ့ကျောင်းသားဖြစ်လာပါပြီ ကျူရှင်မတက်လည်းစာမေးပွဲဖြေခါနီး ကောင်းကောင်းကန်တော့ရသောခေတ်ရောက်ပါပြီ ယနေခေတ်ကအားလုံးသိ ကြသောအတိုင်းဖြစ်နေကြပါပြီ ဆရာအကုန်လုံးမဟုတ်သော်လည်းအတော်များများကျူရှင်ပြနေကြပါပြီ စားဝတ်နေအတွက်မှန်မှန်ကန်ကန်ကျူရှင်ပြစားသောဆရာ အောက်လမ်းနည်းဖြင့်ကျောင်းသားဝင်အောင်ဆေးကြိမ်လုံး ရိုက်ပြီးလူခေါ်စာပြသောဆရာ အမျိုးမျိုးဖြစ်လာပါပြီ ပြန်ကောက်ပါမည် ၁၉၆ဝ ကျော်ကဆရာများကျူရှင်ပြသည်ကိုမည်သူမှ ကြားမိသိမိမရှိကြမည်မှာသေချာပြောနိုင်ပါသည် အဘယ်ကြောင့်ပါနည်း ရှင်းပါသည် […]