Yin Nyine NwayAugust 21, 20101min2079
မာလဟင်းသီးရွက်စုံသုပ် ရှူးရှူးရှဲရှဲလုပ်ထားတယ်။ ညနေစာ ထမင်းလွတ် သူတစ်ပန်းကန်၊ ကိုယ်တစ်ပန်းကန် (ရေနွေးကြမ်းနဲ့ လွေးကြမယ်) ပြုတ်ထားသေား အသီးအရွက်များ လိုအပ်သော အသီးအရွက်များ ကျောက်ကျောချောင်း(ခေါ်)ခေါက်ဆွဲ ချောင်း ကြာစွယ် အာလူး မုန်လာဥနီ(ခေါ်)ဥနီ ပန်းပွင့်စိမ်း(ခေါ်)ဘလိုကိုလီ မှိုခြောက်(ခေါ်)ကြွက်နားရွက်မှို မုန်းညင်းဖြူထုပ် ဂေါ်ဖီထုပ် ဘေဘီမုန်းညင်း ပဲပြား ပဲကြာဇံ ပန်းမုန်လာ ဘေဘီပြောင်းဖူး ကိုက်လန် ပဲပင်ပေါက် ကန်စွန်းရွက် ကန်စွန်းဥ (အသီးအရွက်ကတော့ ကိုယ်ကြိုက်တဲ့ အသီးအရွက်ထည့်လိုရပါတယ်) ကျွန်မကတော့ ကိုယ်ရှိတဲ့ အသီးအရွက်ပဲထည့်လိုက်ပါတယ်။ ဘေဘီပြောင်းဖူး၊ ကိုက်လန်၊ ပဲပင်ပေါက်၊ ကန်စွန်း ရွက်၊ ကန်စွန်းဥ အဲဒါတွေ မရှိလို့မထည့်လိုက်ပါဘူး။ မာလဟင်းအတွက် လိုအပ်သောအရာ ကြက်သား(သို့)ဝက်သားတောက်တောက်စင်း မာလဟင်းအနှစ်ထုပ် မြေပဲဆံထောင်း စောကောဆီကျက်(ကျွန်မကြိုက်လို့ထည့်တာပါ။ မကြိုက်လဲ မထည့်ရင်ရပါတယ်။) ငရုတ်သီးကြော်ထောင်း(သို့)ငရုတ်သီးလှော်ထောင်း ကြက်သွန်နီ ၂ […]