moonpoemAugust 2, 20111min18211
လွန်ခဲ့တဲ့ဇူလိုင်လက ရုံးပိတ်ရက်၃ရက်ရလို ့အိမ်ပြန်တော့ ဘာရယ်မဟုတ် သိပ်မကြာခင်မှာ ကျင်းပတော့မယ့် ရတနာ့ဂူပွဲလုပ်ရာ နတ်နန်းဘက်ကို သွားကြည့်ခဲ့ပါတယ်။ ငယ်ငယ်ကတည်းက အမရပူရမှာနေပေမယ့် နတ်ပွဲလုပ်ရင် အမူးအရူး၊ခါးပိုက်နှိုက်တွေပေါတာက တစ်ကြောင်း၊ အိမ်ကလည်း နတ်ကိုးကွယ်တာ မဟုတ်လေတော့ တစ်ခါမှ မရောက်ဖြစ်ပါဘူး။ ဒါပေမယ့် ခရီးသွားလားရေးကုမ္ပဏီမှာ အလုပ်လုပ်တော့ နိုင်ငံခြားသားတွေက နတ်ပွဲတွေဘာတွေ သိချင်တာတွေ ရှိရင် ကျွန်မမှာ အမရပူရသူဖြစ်ပြီး ဘာမှပြန်မပြောနိုင်လေတော့ အခုတစ်ခေါက်တော့ သေသေချာချာ နတ်နန်းတွေ၊ နတ်ပွဲကျင်းပတာတွေကို သေသေချာချာ နတ်နန်းထိန်းတွေကိုမေး ၊ ဓာတ်ပုံရိုက်ပြီး ယူလာခဲ့တယ်။ ထားပါတော့ ကျွန်မအဓိက ပြောချင်တာက အဲဒီမှာ နတ်နန်းမှာ အလှူရှင်ဆိုပြီး ကမ္ဗည်းထိုးထားတွေကိုပါ ဖတ်လိုက်တဲ့အချိန်ပါပဲ။ နတ်နန်းအတွင်းတံခါး အလှူရှင်က မိတ်ကပ်ခင်စန်းဝင်း+ပြည်စိုးအောင်၊ အပြင်သံပန်းတံခါးအလှူရှင်က မိတ်ကပ်ပွင့်+ကိုကိုအောင်တဲ့လေ။ အဲဒါနဲ ့ဆက်ဖတ်တော့ မိတ်ကပ်ဖန်တီးရှင်+?တွေက လှူတာပိုများလို […]