ကို သာSeptember 13, 20121min953
ရယ်စရာ နဲ့ မောစရာ ရယ်စရာကတော့ရယ်စရာမို့၊ မောစရာကဒီလိုလူတွေနဲ့ မဖြစ်မနေပါတ်သက်ဆက်နွယ်နေရတဲ့အမျိုးသမီးတွေအတွက်။ အဖြစ်ကဒီလို… အင်္ဂလန်မှာလောလောဆယ်ကျင်းပနေတဲ့ မသန်မစွမ်းအားကစားအိုလံပစ်မှာ အီဂျစ်အသင်းကိုဦးဆောင်ကြီးကြပ်လာတဲ့ အသက် ၅၆ နှစ်ရှိ အိမ်ထောင်ရှင်ဝန်ကြီးကို အမျိုးသမီးငယ်တဦးအပေါ်မဖွယ်မရာပြူကျင့်မှုနဲ့ အင်္ဂလန်တရားရုံးတခုက အပြစ်ပေးဒဏ်ငွေချမှတ်လိုက်တယ်။ ဒီလိုသူ့ကိုပြစ်မှုထင်ရှားကြောင်စီရင်ခံရတာဟာ နားလည်မှုလွဲတာ သူဟာဓလေ့ထုံးတမ်းမတူညီမှုရဲ့သားကောင်သာဖြစ်ပါတယ်လို့ငိုကြီးချက်မ တုံ့ပြန်လျောက်လဲခဲ့သေးသတဲ့။ တရားရုံးကဟိုတယ်တွင်းတပ်ဆင်ထားတဲ့ စောင့်ကြည်တီဗီမှတ်တမ်းကိုဖွင့်ပြီးစစ်ဆေးတဲ့အခါ ဂုဏ်သရေရှိအီဂျစ်ဝန်မင်းဟာ မိခင်ဖြစ်သူကိုသာမန်အနမ်းနဲ့နှုတ်ဆက်ပြီး သမီးဖြစ်သူအသက် ၂၅ နှစ်အရွယ်အမျိုးသမီးကိုတော့ အီဂျစ်အလံအမှတ်တံဆိပ်ရင်ထိုးကိုထိုးတပ်ပေးဟန်နဲ့ အမျိုးသမီးငယ်ရဲ့ဘယ်ဘက်ရင်သားကို လက်ညှိုးနဲ့ပွတ်သပ်ခဲ့တာတွေ့ရတယ်။ ဝန်မင်းရဲ့ရှေ့နေကတော့ သူ့အမှုသည်ဟာစံပြုလောက်တဲ့ကိုယ်ကျင့်တရားရှိသူဖြစ်ပြီးဒါဟာသူ့အတွက်ပထမဆုံး ဒီလိုမျိုးပြဿနာဖြစ်တယ်လို့နောက်ဆုံးချိန်ထိခုခံကာကွယ်သွားပါတယ်။ ဟိုတယ်တွေမှာ CCTV တတ်ထားတာ ဒါမျိုးကျတော့ ကောင်းသွားပြန်ရော။ကျုပ်တို.ဆီမှာဆို ခွေတောင်ထွက်လာဦးမယ် နော။ Egyptian Minister held in London for indecency Hasan Suroor LONDON, September 12, 2012 http://www.thehindu.com/news/international/article3889692.ece […]