မောင် ပေNovember 1, 20111min15613
နေရာကား တောင်တမန် အင်း ၊ ဦးပိန်တံတားရှိ  ညနေခင်းဆည်းဆာနေဝင်ချိန် ဦးပိန်တံတား တွင် လူများဖြင့် အရမ်းစည်ကားနေသည် ။ အကြောင်းမှာ ယနေ ့ရှိုးပွဲ ရှိသည်တဲ့ ။ ဘာရှိုးပွဲလဲ ဆိုတော့ ၊ ဂျင်နီဖာ လိုပက် ၊ ဂျင်နီဖာ အန်နစတင် နဲ ့ချယ်ရီတွီဒီ တို ့သုံးယောက် ရဲ  ့ဖျော်ဖြေပွဲပါတဲ့ အဆိုပါ ပွဲရှိ ရှေ  ့ဆုံးတန်း ဗီအိုင်ပီ ထိုင်ခုံနေရာ တွင် ကျွန်ုပ် မောင်ပေ ၊ ပေါက်ဖော် နှင့် ကိုဘီလူး သုံးဦးသား ထန်းရည်ခွက်ကိုယ်စီ နှင့် ပုစွန်ကြော် ဝါးလိုက် ၊ ငါးကြော်ကောက်ဝါးလိုက် ထန်းရည်လေးမော့လိုက် ဖြင့် အင်မတန်မှ ဇိမ်ကျနေလေသည် ။ […]


မောင် ပေOctober 31, 20111min23319
ရပ်ကွက်လူကြီး ဦးခိုင် ၊ အတွင်းရေးမှူး ဦးအောင်ကြူ နှင့် လူစိမ်း နှစ်ယောက် တို ့သည် ဦးတင့်နားသို ့ကပ်လိုက်ကြသည် ။ တိတိကျကျ ဆိုရလျှင် ဦးတင့် ကို သူတို ့၄ယောက် က ဝိုင်းထားလိုက်သည် ။ သူတို ့၄ယောက် ကို မြင်တော့ ဦးတင့် မျက်နှာပျက်သွားသော်လည်း ၊ ဟန်မပျက်ဘဲ ချစ်ကိုကို အား မင်္ဂလာပန်းကုံး စွပ်ပေးလိုက်သည် ။ ထို ့နောက် ချိုမမ ကို ။ မင်္ဂလာပွဲလာ လူအားလုံး ကြောင်စီစီဖြင့် ကြည့်နေကြရသည် ။ လူ၄ယောက် ဝိုင်းခံထားရသော လူ က သတို ့သား ၊ သတို ့သမီးကို မင်္ဂလာပန်းကုံး […]


မောင် ပေOctober 29, 20111min14313
ဘိသိက်ဆရာ သုံးယောက်ထံ ရောက်အပြီး ၊ အလိုမပြည့်ခြင်းများစွာဖြင့် ဒေါ်ထွေး နှင့် ချိုမမ တို ့ပြန်လာခဲ့ရသည် ။ ဘိသိက်ဆရာလေးတွေ က ငယ်ငယ်လေး ၊ ဆိုင်းဆရာ လုပ်ရင်း ဘိသိက်ပါ တွဲကြသည် တဲ့ ။ ဘိသိက်မြှောက်ပေးဖို ့ဘယ်လောက်ကျမလဲ လို ့မေးကြည့်တော့ နှုန်းထားများက ခေါင်ခိုက်နေသည် ။ အဲဒီလောက်ကြီးကြတော့လည်း ဒေါ်ထွေး မသုံးချင် ။ ဘိသိက်ကိစ္စကို လက်လျှော့ရန် ချိုမမ က တတွတ်တွတ်ပြောနေသော်လည်း ၊ နားမဝင်ဘဲ သူ တို ့ဇာတိ ရွာမှ ဦးသိန်းမြင့် ကို သွားသတိရမိသည် ။ ဦးသိန်းမြင့် ဆိုသည်မှာ ဒေါ်ထွေးတို ့ရွာရှိ ကွက်စိပ်ဟောဆရာ ၊ ဘိသိက်လည်း မြှောက်တတ်သည် […]


မောင် ပေOctober 28, 20111min26625
ရှေးတုန်းကတော့ ….ဝါလေကင်းလွတ် သီတင်းကျွတ် ဆိုကလား ။ ယနေ ့လက်ရှိမတော့ … သီတင်းကျွတ်ပြီးလို ့တန်ဆောင်မုန်း ဝင်တာတောင် မိုးက မစဲသေး ။ မစဲသော မိုးကြောင့် စိတ်ဒုက္ခရောက်နေသူတွေ ထဲ မှာ ချစ်ကိုကို နှင့် ချိုမမ လည်း ပါသည် ။ ဝါတွင်း သုံးလ ပတ်လုံး အောင့်အီးသည်းခံ ၊ အလုပ်ကြိုးစား ၊ ငွေစုခဲ့ပြီးသကာလ ၊ ဝါကျွတ်ကို မင်္ဂလာဖိတ်စာ ပါးဖို ့ ရည်စူးထားသူများ ဖြစ်သည် ။ ချစ်ကိုကို သည် ဦးမျိုးနှင့် ဒေါ်မြင့် တို ့၏ တစ်ဦးတည်းသော သားဖြစ်သည် ။ ဒေါ်မြင့် သည် ချစ်ကိုတို ့မြို  ့ရှိ […]