မောင် ပေDecember 27, 20111min31926
မကြုံဖူးတဲ့ ချစ်ခြင်းတစ်ခုကို အတိတ်တွေနဲ ့ စမ်းစစ်… သံသယရှိတာ ခွင့်လွှတ်ပါနော် အသဲက အချစ်မတွေ ့ခဲ့ဖူးလို ့… ကဗျာတွေ ဖွဲ ့ညည်းတွားခဲ့ဖူး အဝါရေတွေ သောက်ခဲ့ဖူးတဲ့ ကောင်ရယ်ပါ.. အဆင်မပြေတဲ့ အချိန်တိုင်း မကျေနပ်အပြစ်ဖို ့စရာ မတွေ ့လို ့ အပျင်းပြေဇါတ်လမ်းတွေ ကို မေ့နိုင်စွမ်းအောင် အရမ်းချစ်သတဲ့ ကိုကို ရယ်တဲ့.. ဘဝင်အေး နင်ပေးနေတဲ့ အပြုံးလေးတွေ… လက်နှစ်ဘက် တွယ်ယှက် ကျွန်မအချစ် ဆယ်သက်တဲ့ ယုံပါတယ် ချစ်သူ ။ ********************* ( ကျွန်တော့် ကဗျာအတွက် စာဖတ်သူများ စိတ်အနှောင့်အယှက်ဖြစ်စေခဲ့လျှင် ဝမ်းနည်းကြောင်း ရယ်ပါ )


မောင် ပေOctober 24, 20111min21912
မျက်နှာမြင် ချစ်ပါစေ ၊ ဆိုတာမျိုး တစ်ရက်၊တစ်ရက် ဘယ်နှစ်ခါ ပြုံးပြမိမှန်း မမှတ်မိဘူး အားလုံးဟာ သန် ့စင်ပါရဲ  ့လား မစဉ်းစားရဲဘူး ။ လမ်းခရီးမှာ ဓါတ်ဆီ ပြတ်လို ့ နီးရာ အိမ်ကိုဝင်ကြည့်တယ် တံခါးပေါက်မှာတွေ ့ရတာက “လူသာလာပါ၊ပြဿနာခေါ်မလာပါနဲ ့” တဲ့ ။ ဒီလိုနဲ ့ အဆင်ပြေလိုက် ၊ မပြေလိုက်နဲ ့ ပျော်သလို နေတတ်နေပြီ ဖြစ်တဲ့ တတ်ကာစ ဂြိုဟ်တုဒုံးပျံ တစ်စင်းလို ရှိတာလေးတွေ ထုတ်သုံး ပျံသန်းနေရင်း စူးစူးရဲရဲ နဲ ့ ကောင်းချီးပေးသံကြားလိုက်ရတယ် အောင်မလေး အောင်ပန်းသားကြီးရယ် အောင်မလေး အောင် ပန်း သား ကြီး ရယ် တဲ့ ။


မောင် ပေOctober 13, 20111min26023
ကိုယ့်ရှေ  ့က အနုပညာသမားတွေ သုံးခဲ့သလိုပဲ ကိုယ့်ရဲ  ့ညတွေ ဟာ  သံချေးတက်နေခဲ့တယ် ခေမာ မင်းမရှိတဲ့ အွန်လိုင်းမှာ ကိုယ်ရောက်နေတယ် ဆိုတာ ကိုယ့် အနုပညာ ပျိုးခင်းအတွက်ပါ ချက်တင်းထိုင်တတ်တယ် ဆိုပေမယ့် အရေမရ အဖတ်မရ ဆိုတာမျိုးကို ကိုယ်မုန်းတာ မင်းသိပြီးသား ကိုယ် ၊  ဂေဇက်မှာ ကိုယ့် အနုပညာကို စိုက်ပျိုးနေတယ် ခေမာ မျှော်လင့်ချက် အကြီးအမားကြီး မဟုတ်ခဲ့ပေမယ့် ဂေဇက်နဲ ့ ကိုယ့် အနုပညာ ပျိုးပင်လေးကို ကိုယ်  မက်မောနေတတ်ခဲ့လေပြီ ယောက်ျားတစ်ယောက် ဟာ ပိုက်ဆံရှိရင် ပျက်စီးတယ် လို ့ ရေးကြတယ် မန်းဂေဇက် ကို မြင်ဖို ့ကွန်ပျူတာရှေ  ့ မှာ ဗိုက်ပူအောင် ထိုင်သူဟာ […]


မောင် ပေSeptember 16, 20111min20614
အသီးအရွက် များများစား ရောဂါဘေးကွာသွား ပြောတာများ ဒီလိုနဲ  ့ဈေးကိုသွား တွေ  ့ရပုံများ စိမ်းစိမ်းစိုစို လာထား သူကတော့ မပြောပါကလား ရေစင်စင်ဆေးထား ပိုးသတ်ဆေး တွေ ဆိုလား အပင်သန်ဆေး မို ့လား အိုလူသား ရှေ  ့ဆက်သွား ရောက်နေတဲ့ ဈေးပေါက်တစ်ဘက်ခြား တွေ  ့ပ… မလား ရောင်းပ..မလား စဉ်းစား ။ ( သည်ကဗျာ လေးကို ၊ ကဗျာဆရာ ကမ်းဝေး နှင့် စကားပြောရင်း ရေးဖြစ်ခဲ့ပါသည် ။ ကဗျာဆရာ ကမ်းဝေး ရဲ  ့သတိပေးစကားများ ကို ကျေးဇူးတင်ပါသည် )