မောင် ပေDecember 18, 20111min16413
အေးသည် ။ ခိုက်ခိုက်တုန်နေအောင် ချမ်းမိသည် ။ ဦးခေါင်းထက်တွင် ပြင်ဦးလွင်ထုတ် ပြည်တွင်းဖြစ် ခေါင်းစွပ်ကလေး လည်း အပြည့်အဝ မနွေးထွေးတော့ပြီ ။ ယိုးဒယားမှာ ဝင်တဲ့ အအေးလှိုင်းကား မြန်မာနိုင်ငံ ကို အဖျားခတ်နေပြီတဲ့ ။ အဖျားဘဲခတ်လို ့တော်သေးပါရဲ ့လို ့၊ အအေးလှိုင်းသာ တစ်ကယ် ဝင်ခဲ့ရင် ၊ ဘယ်ဆီသွားနေရမလဲ မသိလို ့။ ဘယ်ဆီသွားနေရမလဲ မသိဆိုလို ့၊ ဒီလိုမျိုး အေးတဲ့ အချိန်ဆိုရင် ခိုလှုံစရာ ရင်ခွင်တစ်ခု ကို အရမ်းတမ်းတ မိသည် ။ ဆောင်းည ကို တစ်ကိုယ်ထဲ လျှောက်လှမ်းလာရင်း ၊ ဂစ်တာတွေတီးပြီး သီချင်းလိုက်ဆိုနေတဲ့ ၊ ခရစ်ယန်လူငယ်များ ကို တွေ ့တော့မှ […]


မောင် ပေOctober 11, 20111min18616
ယခုရက်ပိုင်းအတွင်း ဂေဇက်ရှိ blackchaw နှင့် etone တို ့၏ ဖုန်းအကြောင်း ဇါတ်လမ်းများကို ဖတ်ပြီးသကာလ ကျွန်တော် ကြုံခဲ့ဖူးသော ဖုန်းဇါတ်လမ်းလေး တစ်ပုဒ်အကြောင်း ပြန်ရေးပြချင်လာပါသည် ။ အဖြစ်မှန်ဟု ထင်ချင်လည်း ထင်နိုင်ပါသည် ။ ယခုပို ့စ်အတွက် မြင်ဆရာများမှာ blackchaw နှင့် etone တို ့ဖြစ်ပါသည် ။ Ok ! Let’s start the show ! တူ…တူ….တူ.. ဟူး…. ကျွန်တော် ခေါ်ဆိုလိုက်သော ဖုန်းနံပါတ်မှာ ဝင်သွားပြီ ဖြစ်သော်လည်း တစ်ဘက်က မကိုင်သေးသောကြောင့် သက်ပြင်းရှည်ကြီး ချမိသည် ။ ကျွန်တော် ခေါ်နေသော ဖုန်းနံပါတ်မှာ ၊ ကျွန်တော့် မိန်းမ ၏ […]


မောင် ပေOctober 9, 20111min1178
( ရှေးဦးစွာ ကျေးဇူးတင်စကားလေး အနည်းငယ် ပြောကြားလိုပါသည် ။ မြားတစ်စင်း ၂ ကို တင်အပြီးတွင် မိတ်ဆွေဖြစ်သူ comegyi မှ စေတနာဖြင့် ကျွန်ုပ် လွဲမှားနေသော စာလုံးပေါင်းကို ထောက်ပြလာပါသည် ။ ဟုတ်ပါသည် ။ မြှား ဟု သုံးခဲ့မိပါသည် ။ ယခု မူ မြား ဟု ပြင်ပြီးသွားပါပြီ ။ ကျေးဇူးကြီးလှပါသည် ကမ်းကြီး ရေ ၊ အညာဆေးရိုး ရှဲရှဲနီ ) မန်းတလေး မြို  ့ရှိ နာမည်ကြီး အသားကင်ဆိုင် တစ်ဆိုင်တွင် ကိုရှီနို နှင့် ကမ်းကြီး တို ့အတူတကွ စားသောက်နေရင်း ကမ်းကြီးတစ်ယောက် အမူးလွန်ကာ ဇက်ကျိုးသွားခဲ့သည် ။ ( […]


မောင် ပေOctober 7, 20111min1616
ကျွန်ုပ် မောင်ပေ နေထိုင်သော မန်းတလေးမြို  ့ကြီးမှာ ဆိုင်ကယ်မြို  ့တော် ဟု တင်စားခေါ်ဆိုကြသည် ကို အခြားမြို  ့သူမြို  ့သားများ ကြားဖူးကြပါလိမ့်မည် ။ မကြားဖူးသော အခြားမြို  ့သူား များ နှင့် နိုင်ငံခြားတွင် ငယ်စဉ်ကတဲက ကြီးပြင်းရှင်သန်လာသူများ အနေဖြင့် ကိုပေါက် (မန်းတလေး) ၏ ပို ့စ်တွင် ဓါတ်ပုံများ သွားကြည့်နိုင်ပါသည် ။ https://myanmargazette.net/71325/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories ကျွန်ုပ် ငယ်စဉ်ကမူ ဆိုင်ကယ် ဆိုသည်မှာ ယနေ ့လောက်မများပြားခဲ့ပေ ။ ထို ့အပြင် ကျွန်ုပ် တို ့ငယ်စဉ်က စက်ဘီးမြို  ့တော် ဟု လည်း ခေါ်ခဲ့သေးသည် ကို မှတ်မိနေသည် ။ ဟိုးတုန်းကတော့ ဂျပန်ဆိုင်ကယ် […]


မောင် ပေOctober 6, 20111min725
ကိုရှီနို တစ်ယောက် လဘက်ရည်ဆိုင်၏ ထောင့်စားပွဲတွင် ခြေပစ်လက်ပစ် ထိုင်နေရင်း ၊ အလကားပေးသော ရေနွေး ကို ဘယ်နှစ်အိုးမြောက်မှန်းမသိ ထပ်တောင်းလိုက်သည် ။ စားပွဲထိုးကောင်လေး က မကြည်မသာဖြင့် ရေနွေးအိုး ကို ဆောင့်ချသွားသည် ကို သတိမပြုအား ။ ကိုယ့်စိတ်ထဲမှာ ပူနေသော ဖြစ်နေသော အလိုမကျခြင်းတွေ ထက် အရေးမကြီး ဟု ကိုရှီနို ယူဆထားသည် ။ လက်ထဲမှာ ကိုယ်လိုချင်တဲ့ ပိုက်ဆံပမာဏ မရှိ ။ လက်ရှိ ကိုယ်ရှင်သန်နေတဲ့ ဘဝမှာ ကိုယ့် ဆန္ဒတွေ မပြည့်စုံ ။ စိတ်ညစ်စရာ ၊ စိတ်အနှောင့်အယှက် ဖြစ်စရာတွေက ၊ နေ ့စဉ် ကိုယ့်ဘေးနားမှာ…ပုံ ။ အရေးထဲ တွဲနေတဲ့ […]


မောင် ပေOctober 4, 20111min24514
မောင်ပေ တစ်ယောက် နေ ့ခင်း ၂ နာရီ လောက် က အိပ်ပျော်ခဲ့တာ ၅ နာရီ ထိုးသည့်တိုင်အောင် မနိုး ။ ဖုန်းထဲမှ နာရီ ကို နှိုးစက်ပေးထားသော်လည်း ၊ လူက မထနိုင် ၊ မထချင် ။ မထချင်လောက်အောင် အိပ်ဖြစ်သည့် အကြောင်းမှာ နံနက်၅နာရီခွဲ ဆိုလျှင် အိပ်ယာထ ၊ မျက်နှာသစ် ရေချိုးပြီး ကျောက်စိမ်းဝိုင်းသို ့ပြေးရသည် ။ ကျောက်စိမ်းဝိုင်း အပြင်ဘက်တန်းတွင် ၊ မနက်စောစောသာ လာရောက်တည်ခင်းရောင်းချသော ကျောက်စိမ်းကုန်သည် လေး များ ရှိသည် ။ ကျောက်စိမ်းဝိုင်းအပြင်ဘက်တန်း ပတ်ပတ်လည် ခြေတိုအောင် ပတ်လမ်းလျှောက်ရင်း ဝယ်သင့်သော ကျောက် ကို လိုက်ကြည့်ရသည် ။ […]


မောင် ပေSeptember 27, 20111min958
ရွာသာယာ ၏  ရွာလယ်ခေါင် လမ်းမ ကြီးပေါ် တွင် လူတစ်ယောက် အသည်းအသန် ပြေးလာသည် ။ သူ ့ပုံစံ မှာ ၊ ဆိုင်ကယ်သုံးယောက်စီးသဖြင့် ၊ မော်တော်ပီကယ် လိုက်ဖမ်းလို ့ အသည်းအသန်ပြေးလာတဲ့ ဆိုင်ကယ် တက်ကဆီ လိုမျိုး ။ ထိုသူကား ရွာသာယာ ၏ ဆယ်အိမ်ခေါင်း မောင်နက်ခေါင် ။ ခနော်နီ ခနော်နဲ  ့၊ ပျဉ်ထောင်အိမ်လေး တစ်လုံး ရှေ  ့သို ့အရောက်… “ စုံထောက်ကြီး ၊ ဗျို  ့စုံထောက်ကြီး ” ဆယ်အိမ်မှူး မောင်နက်ခေါင် တစ်ယောက် ၊  ရွာသာယာ ၏ တစ်ဦးတည်းသော ၊ တစ်ယောက်ထဲသော စုံထောက်ကြီး ဦးလန်ဘား […]


မောင် ပေSeptember 25, 20111min1087
“ မုန် ့ဆီကြော်ဒွေ ( ကိုအောင်ပု လေသံ ကို ဇွတ်အတင်း ယူသုံးပါသည် ) ဟောဒီ့က….မုန် ့ဆီကြော်ဒွေ ရမယ်နော့ ” သီရိမဟာထူးအာပလာ ရပ်ကွက်ထဲ တွင် ဖြစ်သည် ။ အခြေခံ လူတန်းစား များ နေထိုင်သော ရပ်ကွက်လေးဖြစ်သည် ။ “ ဟိတ် ဖိုးအေး တို ့ ဖိုးခွေးတို ့ရေ…. မျောက်လောင်းလေးတွေ ၊ ဘယ်သွားသေနေကြတုန်း သေနာကြလေး တွေရဲ ့ ” အဘွားမြိုင် တစ်ယောက် သူ ့မြေးတွေ ကို အပူတပြင်း အော်ခေါ်နေသည် ။ အဘွားမြိုင် တစ်ယောက် ၊ အသက်က ၇ဝ ကျော် ၊ ဒီရပ်ကွက် […]


မောင် ပေSeptember 18, 20111min1309
ရှင်တို ့ကျွန်မ ကို မေ့နေလောက်ပြီလား မသိဘူး…။ သင်းမေမေတင် ဆိုတဲ့ ကျွန်မ လေ ။ အစက..ကျွန်မ အကြောင်းကို ဆုံးအောင်ထိ မပြောတော့ဘူးလားလို ့.. နို ့.. မနေနိုင်တော့ဘူး ရှင်တို ့ရယ်.. ပြောလက်စ နဲ ့တော့ အကုန်သာ ပြောလိုက်ပါတော့မယ် ။ ဟိုစကား တစ်ခု ရှိတယ်လေ…ဘာတဲ့.. ၊ “ တစ်တက်စားလဲ ကြက်သွန် ၊ နှစ်တက်စားလဲ ကြက်သွန် ” …ဆိုလား ကျွန်မ ဟာ က ဖွင့်ပြ လိုက်ရမှ ကို နေသာထိုင်သာ ရှိမှာမလား …. အဲ…ကျွန်မ ရင်ထဲ မှာ ခံစားနေရတဲ့ ခံစားချက်တွေ ကို ပြောတာနော်.. တစ်မျိုး […]


မောင် ပေSeptember 16, 20111min10811
မနေ ့က ကျွန်မ ပြောတာ ဘယ်နားရောက်သွားပါလိမ့်…. ဪ..သိပြီ…. အင်းကျီ လည်ပင်းအဟိုက် ဟုတ်တယ်နော်.. အဲဒီလို ပေါ့ရှင်… ကိုကိုမောင့် ဆိုင် ကို သွားတိုင်း စွတ်ကျယ် ဝတ်လိုက် ၊ ဂိုင်းပျောက် ဝတ်လိုက်နဲ ့ သွားရတာပေါ့… ကိုယ့်ဆရာ က တော်တော် နဲ ့ဂရုမစိုက်ဘူး တော်ရေ… ဘုရားဖြစ်မယ့် အုတ်နီခဲကြီး အတိုင်းပဲ… တစ်ရက်ကြတော့.. ညနေပိုင်းကြီး ပဲ ၊ မှတ်မှတ်ရရ အဲဒီနေ ့က မိုးတွေ အရမ်းရွာတယ် ။ လိုင်းကားအပေါ်က ဆင်းပြီး ကိုကိုမောင် တို ့ဆိုင်ထဲ ကို ဝင်တော့.. မိုးမိသွားခဲ့တာပေါ့ ။ မိန်းမ တစ်ယောက် မိုးရေစိုရင် ဘယ်လို လဲ […]