ခင္ခNovember 30, 20121min15714
ထိုအခါက အင်္ဂလိပ်က ပ ဒု တ ဟု သုံးကြိမ်စစ်ပွဲ ဆင်ကာနွဲလို့ သိမ်းပိုက်သည့်အခါ ဒို့ရဲ့ဧကရာဇ် နန်းကျဆင်းလို့ ကျွန်ဖြစ်ခဲ့ရ ထိုအခါက။ ဗိုလ်ချုပ်အောင်ဆန်း ပါဝင်နွဲလို့ သုံးကျိပ်ရဲဘော် ဂျပန်မှာနော် စစ်ပညာပြု သင်ယူမှု့ဖြင့် နယ်ချဲ့အင်္ဂလိပ် တိုက်ထုတ်ခဲ့ပြန် သူကျွန်မခံ ဇာတိမာန် ဖြစ်ထွန်းခဲ့ရ ထိုအခါက။ တုယောင်လွှတ်လပ်ရေး ကြေငြာပေးပြီး နှိက်စက်မှု့ပြု စော်ကားအစုစုကြောင့် အင်္ဂလိပ်ကို တဖန်လက်တွဲ မဟာမိတ်ဘဲဟု ကြိုးစားပြုလာ သခင်အောင်ဆန်းမှာ ဖက်ဆစ်ဟုခေါ် ဂျပန်ကိုနော် တိုက်ထုတ်ခဲ့ရ ထိုအခါက။ တစ်နှစ်အတွင်း လွပ်လပ်ရေးရမယ် ကြွေးကြော်သံနဲ့ မဆုတ်မနှစ် ကြိုးစားဖြစ်သည့် ဖခင်ဗိုလ်ချုပ် မသမာသူအစုတ် ဒင်းလုပ်ရပ်ကြောင့် ကျဆုံးခဲ့ကာ အာဇာနည်ဖြစ်ရှာလည်း ဆက်လို့ရှေ့ချီ ဦးနုသည်ကား ဇန်နာဝါရီ ၄ ရက် ထိုမနက်အခါ ၁၉၄၈ […]