အခုတလော ဂဇက်ရွာထဲမှာရော…အပြင်မှာရော…ဖေ့ဘုတ်နဲ့ မီဒီယာလောကမှာပါ ဒေါ်အောင်ဆန်းစုကြည် အကြောင်းနဲနဲပွက်လောရိုက်လို့နေပါတယ်.. သူ့ကို ကြိုက်ပြီး ထောက်ခံသူတွေရှိသလို၊ သူဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်၏အစီရင်ခံစာနှင့်ပတ်သက်ပြီး မကြိုက်နှစ်သက်၊ သဘောမတူနိုင်လို့ဝေဘန်တာတွေလည်းရှိပါတယ်… ဘယ်လိုပဲဖြစ်ပါစေ…ဒေါ်အောင်ဆန်းစုကြည် ကတော့ သူတာဝန်ယူခဲ့တဲ့ ကိစ္စကို သူအဆုံးသတ်နိုင်ခဲ့ပါပြီ…ထွက်လာတဲ့ ရီဇတ်အပေါ် ကျေနပ်ကြတာ၊ မကျေနပ်ကြတာက တစ်ပိုင်းပေါ့…ဒီကြားထဲ..ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်ပံတောင်းတောင်ဒေသခံများ၊ တုံရွာသပိတ်စခန်းတွင် ဦးဆောင်နေသော သံဃာတော်များနှင့် မျက်နှာချင်းဆိုင် ဆွေးနွေးရှင်းလင်းခဲ့ပါတယ်။ ဒါကို အသေးစိတ် ရုပ်သံနဲ့ ကြည့်ရတဲ့လူလည်းရှိမယ်…စာစောင်တွေထဲ ဖတ်ရသူလည်းရှိမယ် မဖတ်ဖြစ်သေးတဲ့လူတွေလည်းရှိနိုင်ပါတယ်…ရွာထဲက မဖတ်လိုက်ရသေးတဲ့ လူတွေ ဖတ်ကြည့်ဝေဖန်နိုင်အောင် Messenger News Journal Facebook စာမျက်နှာမှာတင်ထားတဲ့ အပြန်အလှန် မေးမြန်း ဖြေကြားချက်တွေကို ပြန်လည်မျှဝေလိုက်ပါတယ်….. လက်ပံတောင်းတောင်ဒေသခံများ၊ တုံရွာသပိတ်စခန်းတွင် ဦးဆောင်နေသော သံဃာတော်များနှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး   မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း […]