alinsettMarch 5, 20132min972
သူနှင့်ကျွန်တော်…. ယခုမှ …စ တွေ ့ခြင်းဖြစ်သည် ။ တွေ ့တွေ ့ခြင်း မှာပင်… သူက ထူးဆန်းသောမေးခွန်းတစ်ခု ကို..မေးတော့သည် ။ မင်း…..လောကဆီက ဘာတွေရပြီးပြီလဲ…….????? ကျွန်တော်…… စကားများများမပြောတတ်ပါ ။ ကျွန်တော့်မှာ..ရှိ ရှိသမျှ အရာများစွာထဲမှ…… ကျွန်တော်..အပြချင်ဆုံးသော.. အရာများကို ရွေး ထုတ်ပြ ပစ် လိုက်သည် ။ ကျွန်တော် ပြလိုက်သမျှ …အရာရာများမှာ………. လောကဒဏ် ၏ နှိပ်စက် ထိုးနှက် တိုက်ခိုက်ခြင်းများကြောင့်..ရ ထားသော… ဒဏ်ရာ ဒဏ်ချက်များ….ဖြစ်သည် ။ ထို့နောက်…….. သူနှင့်ကျွန်တော်…. အလွန်ခင်မင် ရင်းနှီးသော..မိတ်ဆွေရင်းချာ ဆက်ဆံရေးဖြင့်.. တစ်ယောက်ကိုတစ်ယောက်…ခင်မင်တွယ်တာသွားကြသည် ။ ( သူ ့ထံမှာလည်း….. ကျွန်တော့် လောက်နီးနီး …ဒဏ်ရာ ဒဏ်ချက်များ..ရှိနေသည်ပဲ..လေ…. […]