ၾကယ္ေလးNovember 23, 20101min1445
အိမ်ထောင်ရှင်လင် အာခံတွင်း မယား စေဖို့ သင့်တင့်မျှတအရသာနဲ့ချက်ပြုတ် လတ်ဆပ်တဲ့ အစားအစာ အမြဲလုပ် ထမင်းစားချိန်ဆိုရေချမ်းလေးကမ်းလို့ ယင်မနားအောင် လက်ကလေးလှုပ် တာမှ မယား တဲ့ အိမ်ထောင်ရှင်လင် ကိုယ်အရေပြား မယား ရံ စေဖို့ အဝတ်တွေလဲဖွေးအောင်လုပ် အိမ်ထဲမှာလဲဖုံမရှုပ် အိမ်သာမှာဆိုမွှေးနေအောင်လုပ် တာမှ မယား တဲ့ အိမ်ထောင်ရှင်လင် လက် မယား စေဖို့ အပြောဆိုအနေထိုင်သိမ်မွေ.အောင်ထား အပျော်အပါးဆိုအွန်လိုင်းမှာတောင်မပွါးနဲ့ ပေါင်ပေါင် ခါးခါး ကာလာ တင်တာမများ ပုရိသတွေကြား တင်ပါးရင်သားလုံအောင် ထားမှ မယား တဲ့ အိမ်ထောင်ရှင်လင် သွေးသား မယား စေဖို့ ဆေးပေးမီးယူအမြဲသတိထား ခြေဆုပ်လက်နယ်ဆိုတာဝတ္တရား အိပ်ရာဝင်ဆန္ဒအတူထားပေးတာမှ မယား တဲ့ အဲဒီလို အိမ်ထောင်ရှင်လင် ဆန္ဒမယားအောင်ဖြည်.စည်းပေးနိုင်လို့ မယားလို့တင်စား တာတဲ့ (ဟုတ်လားမသိ) […]


ၾကယ္ေလးNovember 22, 20101min1918
အိမ်သူမယား နှလုံးသားလေး ကြည်လင်ပျော်နေစေဖို့ အမုန်း များလဲမထားရဘူး အပြုံးများလဲ မခါးရဘူး အာဘွား တွေလဲမနားတမ်းပေးဘူး သူမှ လင်တဲ့ အိမ်သူမယား စိတ်ထားလေး ကြည်လင်ပျော်နေစေဖို့ သူ့မိဘငါ့မိဘမခွဲခြား ရင်သွေးအပေါ်အကြင်နာထား ဖဲရိုက် သောက်စား အပေါင်းသင်းမမှား small လေးဆို အွန်လိုင်းမှာတောင်မထား မှ လင်တဲ့ အိမ်သူမယား ဦးဏှောက် ကြည်လင်ပျော်နေစေဖို့ ရိုးသား ကြိုးစား လစာဆို မဘုံးထား မီးဖိုခြောင်လဲ လှပ အဝတ်တွေလဲမနွမ်းလျှ လူလည်ခေါင်မှာ နွေးထွေးပြ အိပ်ရာဝင်ချိန်ယုယ မေတ္တာတွေနဲ့အေးမြ အိမ်သူသာလျှင်ငါ့ဘဝ ဆိုတဲ့သူမှလင်တဲ့ လင်ဆိုတာအဲလိုလေး ဇနီးမယားရဲ့စိတ်ကို ကြည်လင်အောင်ထားနိုင်လို့တင်စားခေါ်တာတဲ့(ဟုတ်လားမသိ) မယားဆိုသည်မှာ? ကို ဖတ်ကြည့်ချင်ရင် ဒီမှာရေးထားပါတယ် https://myanmargazette.net/34116/society-lifestyle/aha-jokes