manawphyulayAugust 12, 20101min450
လူတိုင်းလူတိုင်းမှာစိတ်ကူးယဉ်မှုဆိုတာရှိကြပါတယ်။ဒါပေမယ့်လူတော်တော်များများဟာ  “စိတ်ကူးယဉ်” မှုမှာပဲရပ်တန့်နေကြပါတယ်။ကမာ္ဘပေါ်မှာရှိတဲ့တိုးတက်မှုအားလုံးနဲ့  နည်းပညာတိုးတက်မှုတွေ၊အသစ်ဆန်းတွေအားလုံးဟာ စိတ်ကူးမှပေါက်ဖွား လာကြတယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ကြပါဘူး။ကမာ္ဘလောကအာကာသကြီးမှာ အားလုံးပြည့်စုံစွာရှိနှင့်ပြီးသားပါ။ရှိပြီးသားအရာများကိုလူတွေက ရှာဖွေအကောင်ထည်ဖော်ရခြင်းပင်ဖြစ်ပါတယ်။ဥပမာဗျာ ရုပ်ပိုင်းဆိုင်ရာမှာဆိုရင် ကုလားထိုင်တစ်လုံးရဲ့ပုံပန်းသဏ္ဍာန်ဆိုပါစို့ ကျွန်တော်တို့လူတွေ မဖန်တီးခင်က ကမာ္ဘလောကအာကာသကြီးထဲမှာ ရှိပြီးသားပါ။ဒါကိုလူတွေရှာဖွေဖော်ထုပ် အကောင်အထည်ပုံဖော်ရခြင်းဖြစ်ပါတယ်။နောက်ထပ် ဥပမာဗျာ အောက်စီဂျင်၊ဟိုက်ထရိုဂျင်၊နိုက်ထရိုဂျင်၊အင်တာနက်ကွန်ယက်စသဖြင့်ပေါ့ဗျာ ကမာ္ဘလောအာကာသကြီးထဲမှာရှိနေနှင့်ပြီးသားကို ကျွန် ်တော်တို့လူတွေကရှာဖွေဖော်ထုပ် အမည်နာမပေးရခြင်းပဲဖြစ်ပါတယ်။လူတွေရှာဖွေဖော်ထုပ်ကမာ္ဘလောကကြီးမှာမကုန်နိုင်တဲ့နည်းပညာတွေ၊ရုပ်ပိုင်း ဆိုင်ရာပုံပန်းသဏ္ဍာန်တွေမကုန်းဆုံးနိုင်စွာတည်ရှိနေတာဧကန်မုချပါ။အဲဒါတွေဘယ်ကနေစတင်တွေ့ရှိလည်း..သေချာပါတယ်စိတ်ကူးကနေစတင် တွေ့ရှိကာတွေးခေါ်ခြင်းမှ လက်တွေ့အကောင်ထည်ဖော်နိုင်မှုပင်ဖြစ်ပါတယ်။ ကျွန်တော်ဆိုလိုချင်တာက စိတ်ကူးယဉ်မှုဆိုတာမှ ဖြစ်နိုင်၏မဖြစ်နိုင်၏မှန်နိုင်၏မမှန်၏ဆိုတဲ့ အတွေးခေါ်ဖြင့်ဆင်ခြင်သုံးသပ်ကာလက် တွေ့အကောင်ထည်ဖော်ခြင်းမှရရှိလာသောအကျိုုးများပင်ဖြစ်သည်ကို ချပြလိုခြင်းဖြစ်ပါသည်။ ကျွန်တော်အပိုင်းသုံးပိုင်းခွဲ၍တင်ပြပါမည်။ စိတ်ကူးယဉ်ခြင်း။       ။စိတ်ကူးယဉ်ခြင်းဆိုသည်မှာ မိမိအားလပ်တဲ့အချိန်များမှာမိမိဖြစ်ချင်၊မိမိသိချင်စိတ်ဝင်စားသောအကြောင်းအရာများကိုစိတ်ကူး ယဉ်ခြင်းပင်ဖြစ်ပါသည်။စိတ်ကူးထဲမှာပင်ပျော်ရွှင်ကြည်နူးမှု၊ဝမ်းနည်းမှုတဝဲလည်လည်နေခြင်းကို “စိတ်ကူးယဉ်”ခြင်းလို့ခေါ်ပါသည်။ အတွေးအခေါ်။ ။အတွေးအခေါ်ဆိုသည်မှာ မိမိစိတ်ကူးယဉ်ထားခြင်းမှ နောက်တစ်ဆင့်တက်ကာ ဖြစ်နိုင်၏မဖြစ်နိုင်၏ ကောင်းကျိုးနှင့်ဆိုကျိုးများ ရရှိလာမည့်ရလဒ်များကို တွက်ချက်ကာချရေးပြီး စနစ်တကျစိစစ်တွေးခေါ်ခြင်းကို “အတွေးအခေါ်” ဟုခေါ်ပါသည်။ လက်တွေ့အကောင်ထည်ဖော်ခြင်း။ ။ လက်တွေ့အကောင်ထည်ဖော်ခြင်း ဆိုသည်မှာ စိတ်ကူးယဉ်ခြင်းမှ စနစ်တကျတွေးခေါ် တွက်ချက်ချရေးထား […]