panpanAugust 1, 20111min19325
ဇူလိုင်လကုန်ကစပြီး အစိုးရဝန်ထမ်းတွေကို လစာထုတ်ပေးတာ အကြွေတွေထည့်ပေးနေပါတယ် ပြောထားခဲ့တဲ့အတိုင်း ၃၅၀၀ဝကျပ်ဖိုးပါ ၂၀ဝတန်အရွက်တစ်ရာ၊ ၁၀ဝတန်အရွက်တစ်ရာ၊ ၅ဝတန်အရွက်တစ်ရာ၊ စုစုပေါင်း ၃၅၀၀ဝဖိုးပါ ပိုက်ဆံတွေက အသစ်စက်စက်တွေ၊ ဘဏ်အုပ်၊ နံပါတ်စဉ်တိုင်းရတာပါ ဒါပေမယ့် ဝန်ထမ်းတိုင်းတော့ ငွေအကြွေရတာမဟုတ်ဘူး ဘဏ်မှာ ချက်လက်မှတ်နဲ့ထုတ်မယ့်ဝန်ထမ်းတွေမရဘူးတဲ့ ဒီကိစ္စဘဏ်နဲ့မဆိုင်ဘူးလို့ပြောတယ် အဲဒါငွေသားတိုက်ရိုက်လစာထုတ်ရတဲ့ဝန်ထမ်းတွေကို ၃၅၀၀ဝဖိုးထည့်ပေး(လဲပေး)တာပါ အရင်က လုပ်ငန်းရှင်သူဌေးတွေကပဲ ဘဏ်မှာငွေအကြွေတွေလဲကြပါတယ် ပြီးတော့ အကျိုးမဲ့ထုတ်မသုံးကြပါဘူး (သိမ်းထားကြပါတယ်) ဒီတော့ ပြည်သူတွေလက်ထဲကို ငွေအကြွေတွေက မရောက်တော့ဘဲ အစုတ်အပြဲတောင် အနိုင်နိုင်ဖြစ်ခဲ့ရတာပါ ဒါ့ကြောင့် ဝန်ထမ်းတွေကို လစာပေးတဲ့အခါ ငွေအကြွေထည့်ပေးတာပါ ဝန်းထမ်းတွေအနေနဲ့ ဒီငွေကို မသုံးမဖြစ် သုံးကြမှာဖြစ်လို့  ပြည်သူလူထုကြားထဲကို သေချာပေါက်ပြန့်နှံ့သွားမှာဖြစ်ပါတယ် ဘဏ်မှာ ချက်လက်မှတ်နဲ့ လစာငွေထုတ်မယ့် ဝန်ထမ်းတွေအတွက် မရပေမယ့် (အကောင်းဘက်ကကြည့်မြင်ပြီး) ခုလောက်လုပ်ပေးတာတော့ မဆိုးဘူးပြောရမယ် ဒီတစ်လပြီး နောက်လတွေလည်း […]