moonpoemFebruary 5, 20131min55427
ကျွန်မ တိုးဂိုက်အဖြစ်အသက်မွေးဝမ်းကျောင်းပြုခဲ့တာ ၄နှစ်ပြည့်ပြီးနောက်ပို်င်း တစ်ရက်မှာတော့ စကားပြန်အဖြစ်လုပ်ပေးဖို ့ ကျွန်မကုမဏီက ပြောလာပါတယ်။ စကားပြန်ကတော့ တိုးဂိုက်ထက် နည်းနည်းလေးတော့ ပိုခက်တယ်လို ့ကျွန်မထင်တယ်။ တိုးဂိုက်ကတော့ လုပ်သက်ရှိသွားရင် အားလုံးက အေးအေးဆေးဆေးဖြစ်သွားပေမယ့် စကားပြန်ကကျတော့ သူ ့အပိုင်းနဲ ့သူ မတူညီတာလေးတွေ ရှိပါတယ်။ ရင်းနှီးမြုပ်နှံမှုဆိုလည်း ရင်းနှီးမြုပ်နှံတာနဲ ့ပတ်သတ်တဲ့ စကားစုတွေ၊ ဘဏ်လုပ်ငန်း၊ ဆောက်လုပ်ရေး စသဖြင့် အမျိုးမျိုးသော ပညာရပ်တွေက ခက်ခဲနက်နဲမှုတွေ ရှိတာကြောင့် တော်တော်လေး ပြန်လေ့လာရပါတယ်။ ကျွန်မအတွက် ပထမဆုံးကျလာတဲ့ စကားပြန်တာဝန်က ဆောက်လုပ်ရေးနဲ ့ပတ်သတ်ပါတယ်။ ဒါကြောင့် ဆောက်လုပ်ရေးနဲ ့ပတ်သတ်တဲ့ အပိုင်းတွေကို ပြန်လေ့လာပြီး စကားပြန်လိုက်ခဲ့ပါတယ်။ ပထမဆုံး ပွဲဦးထွက်မှာ စကားပြန်အဆင်ပြေပြီး နောက်ပိုင်း ကျွန်မကို ကျွန်မကုမဏီက ဆောက်လုပ်ရေးနဲ ့ပတ်သတ်တဲ့ […]