လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဌာနအတွက် ဘတ်ဂျက်ဖြတ်တောက်မှုနဲ့ ပတ်သက်လို့ လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးက လွှတ်တော်ကိုယ်စားလှယ်အပေါ် ပုတ်ခတ် ပြောဆိုထားတာကို အရေးယူ ဆောင်ရွက်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော် အခွင့်ရေးကော်မတီကို စုပေါင်း တိုင်ကြားထားပါတယ်။ မတ်လ ၂၃ ရက်နေ့ထုတ် Hot News ဂျာနယ်မှာ ဖော်ပြထားတဲ့ အင်တာဗျူးအတွင်း လယ်/ဆည် ဝန်ကြီးရဲ့ ပြောဆို ချက်တချို့ဟာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး မကျေမနပ် ဖြစ်ကြတာဖြစ်သလို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုလည်း ထိခိုက်မှု ရှိတယ်ဆိုတဲ့ ဝေဖန်ချက်တွေလည်း ရှိနေပါတယ်။ ဒီအခြေအနေအပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဌာနအပေါ် ဘတ်ဂျက်ဖြတ်တောက်မှုနဲ့ ပတ်သက်လို့ မတ်လ ၂၃ ရက်နေ့၊ သောကြာနေ့ထုတ် Hot News […]