fattyOctober 6, 20101min1013
ဧရာဝတီတိုင်း လပွတ္တာမြို့နယ် တွင် ကျောင်းသားကျောင်းသူများ ဆရာ ဆရာမများ အားကစားစုံညီပွဲသို့ စက်လှေဖြင့်သွားကြရာ ..ယနေ့စက်လှေ တိမ်းစောင်း မှောက်သွားသောကြောင့် .. ယခုထိ ဆရာမနှင့် ကျောင်းသူကျောင်းသား အလောင်း ၁၈ လောင်း တွေ့ရှိပြီး ကျန်ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေလျှက်ရှိကြောင်း သိရသည်။ စက်လှေမှောက်ရသည့် အကြောင်းရင်းမှာ မနိုင်ဝန်တင်ရျ်ဖြစ်ကြောင်း …ယခု ပညာရေးဌာနမှ မြို့နယ်အဆင့် အရာရှိများချက်ခြင်း အခင်းဖြစ်ပွါးရာသို့ လိုက်ပါစစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။ ဧရာဝတီတိုင်းအတွင်းမှာ ရေကြောင်းသွားလာမှု အပေါ်မှီခိုနေရသော်လည်း .. ရေယာဉ်များတွင် အသက်ကယ် အကျီ င်္ ဘောကွင်း အစရှိသော ပစ္စည်းကရိယာများ ဘယ်သောအခါကမှ အသင့်ထားရှိခြင်းမရှိခဲ့ပေ။