နွေဦးJune 29, 20111min17911
မြို့ထဲရောက်ခဲ့တယ် ၊ဖရေဇာတစ်လျှောက်(အနော်ရထာလမ်းပေါ့) ကိစ္စ တခုနဲ့ ရောက်ခဲ့တယ်၊ အရေးကြီး ကိစ္စနဲ့ဆိုတော့ ပါတ်ဝန်းကျင်ကို သတိမပြုမိဘူး။ လျှောက်နေရင်းနဲ့မှ တခုခု များမှားနေလားလို့ တွေးမိလာတယ်။ ဘေးဘယ်ညာ ကြည့်ပြီး သတိပြုမိတော့မှ လူသွားစင်္ကြန်က ရှင်းလို့လင်းလို့…။ အမှန်တိုင်း ပြောရရင် အတော်ကျေနပ်သွားတယ်၊ ဒီလမ်းပေါ် မရောက်တာ အတော်ကြာပါပြီ။ ပလက်ဖေါင်းဈေးသည်တွေ ကြပ်ညှပ်နေတဲ့ ဒီ ပလက်ဖေါင်း ကို ရှောင်ပြီး တော်ရုံ ကိစ္စဆို  ဒီဘက်ကို မလာတော့ဖြစ်တော့ဘူး။လျှောက်စရာလမ်းတောင်မရှိ လို့ ကားလမ်းပေါ် တက်လျှောက်ရတဲ့အခါ အန္တရာယ်များလွန်းလို့ ။အသက်ဉာဏ်စောင့် ဆိုသလို ဝေးဝေး ရှောင်လေ့ရှိတယ်လေ။ အခုတော့ အိုကေ ဆိုပြီး စိတ်ထဲပြုံးပြီး လျှောက်နေမိတယ်။ ကိုယ်ကသာ ကျေနပ်နေတာ ပါတ်ဝန်းကျင် က မကျေနပ်တဲ့ ..ဒေါသထွက်နေတဲ့.. ဝမ်းနည်းနေတဲ့..မျက်လုံးပေါင်းများစွာ…ကြည့်နေမယ် ထင်ပါရဲ့။ […]