padonmarJanuary 30, 20133min35730
လမ်းဆိုတာ လူတွေ ယာဉ်တွေ သွားလာဖို့ ပြုပြင် ဖန်တီးထားတာပါ။ အိမ်ဆိုရင် တစ်ဦးတစ်ယောက် တစ်မိသားစုပိုင်ဆိုင်မှုဆိုတဲ့ အဓိပ္ပါယ် သက်ရောက်သလို လမ်းဆိုတဲ့ စကားလုံးလေး မြင်ရင် ကြားရင် အများဆိုင် ဆိုတဲ့ အဓိပ္ပါယ်ကို တန်းပြီး မြင်ယောင်ကြပါလိမ့်မယ်။ (တစ်ချို့အိမ်တွေမှာ ကိုယ်ပိုင်လမ်း ဆိုတဲ့ အသုံးအနှုန်းလေးရှိပေမယ့် လူတစ်ဦးတစ်ယောက်ထဲပဲ အသုံးပြုတာတော့ မဖြစ်နိုင်ပါဘူး) အဲဒီ အများဆိုင်ပညတ် ဖြစ်တဲ့ လမ်း ပေါ်မှာ သွားလာကျက်စားကြပြီဆိုရင် အများနဲ့ ဆိုင်ပြီမို့ လူအများကို မထိခိုက် မနစ်နာစေရေး အတွက် လိုက်နာ ဆောင်ရွက်သင့်တဲ့ အချက်တွေ ရှိပါတယ်။ အဲဒါကို ရှေးက ကျောင်းသင်ရိုးညွှန်းတန်းတွေမှာ ပါတဲ့ ပြည်သူ့နီတိထဲက လမ်း၌ယဉ်ကျေးမှု ဆိုတဲ ့ စကားလုံးလေး သုံးပြီး ရေးချင်ပါတယ်။ (သူ့မူရင်းမှာတော့ […]