weiweiApril 30, 20135min17210
(15-4-2013) သင်္ကြန်အတက်နေ့ မနက် ၆ နာရီခွဲလောက်မှာ မူဆယ်ကနေ ပြန်ခဲ့ကြပါတယ်။ လမ်းမှာ မြူတွေကျနေလို့ ကားကို ဖြည်းဖြည်းချင်းပဲ မောင်းလာခဲ့ရတယ်။ မိုးရွာထားတဲ့အရှိန်ကြောင့် ရာသီဥတုက အေးနေပါတယ်။ မြူတွေကျနေတဲ့ ပတ်ဝန်းကျင်ကလဲ ဆောင်းရာသီလိုဖြစ်နေတယ်။ ပတ်ဝန်းကျင်ကို ငေးကြည့်ရင်း တစ်မြို့ပြီးတစ်မြို့ ဖြတ်လာခဲ့ကြတယ်။ သိန်းနီမြို့နားရောက်ခါနီးမှာ သိန်းနီကို အပေါ်စီးမှ လှမ်းမြင်ရပါတယ်။ လှပတဲ့ကျောက်ဆောင်တွေလဲရှိတာမို့လို့ ခဏကားရပ်ပြီး ဓါတ်ပုံရိုက်ခဲ့သေးတယ် .. ကွတ်ခိုင်မြို့ထဲမှာ ပုံစားရှမ်းထမင်းဆိုင်တွေရှိပြီး ဈေးလဲသက်သာ စားလို့လဲကောင်းတယ်လို့ သိထားပေမယ့် အချိန်က ထမင်းစားချိန်မဟုတ်လို့ ဝင်မစားခဲ့ရဘူး။ လားရှိုးလောက်ရောက်ရင် နေ့လည်စာအချိန်နဲ့ကိုက်မှာမို့လို့ လားရှိုးရောက်မှပဲ ထမင်းစားဖို့ စီစဉ်လိုက်ကြတယ်။ လားရှိုးမြို့ထဲဝင်တော့ မနက် ၁ဝ နာရီခွဲလောက်ရှိပါပြီ။ ဗိုက်လဲသိပ်မဆာသေးလို့ မန်စူဘုရားကို အရင်ဝင်ဖူးလိုက်ကြတယ်။ ဘုရားပေါ်ကနေ လားရှိုး တစ်မြို့လုံးကို မြင်ရတဲ့ ရှုခင်းက […]