etoneDecember 10, 20101min15810
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ယူ ငှားရမ်း၊ ဝယ်ယူ သုံးစွဲခွင့်ပေးမည့် CDMA 400 MHz MC-Urill ဖုန်းများကို ယခုလအတွင်း နေပြည်တော်၌ ကျပ်ခြောက်သိန်းခွဲဖြင့် ချပေးမည်ဖြစ်ကြောင်းသိရသည် ။ ထို ဖုန်းများသည် အင်တာနက်စနစ်ကို ကောင်းစွာအသုံးပြုနိုင်မည်ဖြစ်ကြောင်းလည်း သိရသည် ။ သို့သော် အဆိုပါ အင်တာနက် ချိတ်ဆက်အသုံးပြုနိုင်သောဖုန်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ software ထည့်ထားသော ဟန်းဆက်များတွင်သာ အသုံးပြုနိုင်ပြီး အခြား သော ဖုန်းဟန်းဆက်များတွင် အသုံးပြုလို့မရကြောင်းလည်း သတင်းရရှိသည် ။