အာဂDecember 8, 20101min510
သူ့ကို ထောက်ခံသူတွေကတော့ ဂျူလီယန်အဆန်ဂ်ဟာ အမှန်တရားအတွက် ရဲရင့်စွာလှုပ်ရှားသူ တစ်ယောက်လို့ဆိုကြသလို သူ့ကိုဝေဖန်သူတွေကလည်း လူပေါင်းများစွာအတွက် အသက်ဘေးကြုံရစေနိုင် တဲ့ ထိလွယ်ရှလွယ်တဲ့ အချက်အလက်တွေကို ထုတ်ပြန်ပြီးလူသိများ ထင်ရှားအောင်လုပ်သူလို့ ဆိုကြပြန်ပါတယ်။ သူနဲ့တွဲလုပ်ဖူးသူတွေကတော့ အဆန်ဂ်ဟာ ဦးဆောင်မှုကောင်းပြီး ဉာဏ်ရည်အလွန်မြင့်တဲ့၊ ကွန်ပြူတာကုတ်တွေကို ချိုးဖျက်နိုင်တဲ့ ချွင်းချက်မဲ့စွမ်းရည်ရှိသူလို့ ဆိုကြပါတယ်။ သူဟာတစ်ချိန်လုံး တစ်နေရာက တစ်နေရာရွှေ့ပြောင်းရင်းနဲ့ ဝီကီလိခ်ကိုလည်ပတ်စေခဲ့တယ်လို့ ဆိုပါတယ်။ သူနဲ့အတူ ရက်ပေါင်းများစွာ ခရီးလှည့်လည်ဖူးတဲ့ နယူးယော့ကား မဂ္ဂဇင်းက သတင်းထောက်တစ်ယောက်ဖြစ်တဲ့ ရက်ဖီခက်ချာဒိုရီယန်ရဲ့ အဆိုအရတော့ အဆန်ဂ်ဟာ မစားမသောက်ဘဲ မနားတမ်း အလုပ်လုပ်နိုင်တဲ့သူ၊ အအိပ်အနေ အလွန်နည်းတဲ့ လူလို့ ဆိုပါတယ်။ သူ့ကိုမီဒီယာတွေက ဝီကီလိခ် တည်ထောင်သူ၊ ညွှန်ကြားရေးမှူးလို့ သုံးကြတာကို မကြိုက်ဘဲ ဝီကီလိခ် ရဲ့အယ်ဒီတာချုပ်လို့ သူ့ကိုယ်သူရည်ညွှန်းခဲ့တယ်။ ဩစတြေးလျနိုင်ငံ မြောက်ပိုင်း […]