etoneNovember 14, 20111min20624
https://myanmargazette.net/79695/economic-news-international-news-news-industry-people-in-the-news-us-news-news မှာ mg wineဆိုတဲ့ တစ်ယောက်ရေးထားတဲ့ ပို့စ်ကို ဖတ်မိပြီး ကော့မန့်ပေးမယ်တွေးတော့ ကော့မန့်ပိတ်နေတာနဲ့ ပို့စ်တင် ဆွေးနွေးဖို့ ဆန္ဒဖြစ်လာခဲ့မိတယ် ။ ပို့စ်ကို ဖတ်တာနဲ့ တမင်သက်သက်လူလည်ကျတာကို ကွက်ကွက်ကွင်းကွင်းမြင်ရသလို ့အပေးကမ်းရက်ရော ၊ ယုံမှားလွယ်တဲ့ လူနာရှင်တွေကိုလည်း ကရုဏာဒေါသဖြစ်ရပါတယ် ။ အားမနာတမ်း ပြောရလျှင်တော့  ကိုယ်ညံ့လို့ ကိုယ်ခံရပြီး သူခိုးပြေးမှ ထိုးကွင်းထတာလို့ပဲ ကျွန်မကတွေးမိပါတယ် ။ ကျွန်မတို့တွေ နေထိုင်ရပ်တည် စားသောက်ရေးအတွက် ပိုက်ဆံရှာကြရတယ် ။ ပိုက်ဆံရှာနည်းမျိုးစုံရှိပါတယ် … သမ္မာအာဇီဝရော ၊ဖြတ်လမ်းနည်းရောပေါ့ … ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို ့တွေ ပိုက်ဆံရှာနေကြပါတယ်  ။ ပိုက်ဆံ လွယ်လွယ်ရတဲ့ လူတွေကလွဲလျှင်  ကျန်တဲ့ လူတွေ ပိုက်ဆံရှာရခက်ခဲတာ ၊ လက်ထဲ အသုံးမခံတာ […]