အမျိုးသမီးအများစုအတွက် ခရီးသွားလာကြတဲ့အခါအမှာ အသုံးပြုတဲ့ယာဉ် ကား/ရထားများအပြင်လမ်းမကြီးငယ်များပေါ် မှာပါကာယိန္ဒြေပျက်ပြားအောင် ပြုလုပ်လျှက်ရှိကြတာကို အခုအခါ တော်တော်များများတွေ့မြင်လာရပါတယ် ညနေပိုင်းလို လိုင်းကားကြပ်ချိန်/မီးရထား ကြပ်ချိန်များမှာ မိန်းခလေးအများစုဟာ ဒီလိုအဖြစ်မျိုးတွေနဲ့ရင်ဆိုင် တွေ့နေရတတ်တာပါပဲ အများအားဖြင် အမူးသမားနဲ့ တဏှားရူးတွေဟာ ဒီလိုအကွက်ကောင်းကိုချောင်းပြီး မိန်းခလေးတွေအပေါ်  ကျူးလွန်း တတ်တာပဲလေ  ကိုယ်တိုင်ကြုံခဲ့ရတဲ့ အဖြစ်တစ်ခုကတော့ …../// ““ကိုကျော်မြင့်သန်း””  ဒီဘိုတော်နဲ့က ဘော်ဒါဘော်ကျွတ်တွေပဲလေ တစ်ခါတစ်ရံ ရုံးကနေ စောစောအပြင်ထွက်ဖြစ်တဲ့ ရက်တွေဆို ဒီဘိုးတော် လင်မယားနဲ့ဆုံနေကျ သူငယ်ချင်းဆိုပေမယ့်  သူကအသက်ကြီးပါတယ်လေ ကျုပ်ကတော့ သူ့ကို ““ကိုမြင့်သန်း””လို့ခေါ်လိုက်တာပဲ သူတို့လင်မယားသဘောကောင်းကြပါတယ် ကိုမြင့်သန်းကသာ နည်းနည်းလေး စိတ် ဆတ်ပေးမယ် သူ့မိန်းမကတော့ခပ်အေးအေးရယ် ကျုပ်တိုနှစ်ယောက်ဘီယာထိုင်သောက်လဲလိုက် အရက်ဆိုင်သွားလဲလိုက် လက်ဖက်ရည်ဆိုင်ထိုင်လဲ လိုက်ရှာတာပါပဲ အရက်ထိုင်သောက်လို့ ရေချိန်လွန်ပြီဆိုမှဖြင့် မိန်းမလုပ်သူခမျာ ကိုမြင့်သန်း ကို တွဲပြီးပြန်ရရှာလေတာပဲ ဒါပေသိ […]