အတိုက်အခံလား? မီဒီယာလား? —————————————- ဒီကနေ့ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ ွ မြန်မာအပါအဝင် နိုင်ငံတွေမှာ အစိုးရရယ် အတိုက်အခံရယ်ရှိမှ ဒီမိုကရေစီ က အသက်ဝင်နေတာ။ ဒီလိုအတွဲအစပ်မရှိရင် ဒီမိုကရေစီ ဆိုတာ အနှစ်သာရမပေါ်လွင်နိုင် ပြည်သူတွေ အကျိုးခံစားခွင့်တွေ မညီမျှနိုင်တော့ဘူး။ တိုင်းပြည်မှာအင်းအားစုတွေကချိန်ခွင်လျှာသဖွယ် မျှနေရမယ်။ မျှတယ်ဆိုပေမဲ့အရောင်းအဝယ် ပုံစံမျိုး တွက်လို့မရဘူး။အစိုးရ ၅ဝ – အတိုက်အခံ ၅ဝ အဲသလို မရဘူး။ အခြေခံအားဖြင့် – အစိုးရကောင်းနဲ့အတိုက်အခံညံ့ ် အစိုးရညံ့နဲ့ အတိုက်အခံကောင်း အစိုးရကောင်း အတိုက်အခံကောင်း အစိုးရ ညံ့ အတိုက်အခံညံ့ အဲသလို ယေဘုယ ဆန်ဆန် ပွဲထွက်လာတတ်ပါတယ်။ အစိုးရကတိုင်ပြည်ကိုအုပ်ချုပ်မယ်။စီမံမယ်။ အတိုက်အခံက အစိုးရဲ့အားနည်းချက် ချွတ်ချော် တာတွေ မှားယွင်းတာတွေကို ထောက်ပြမယ်။ ဒါမျိုးနဲ့တိုင်းပြည်က လည်ပါတ်နေရမယ်။ […]